ဂျပန်နှင့်ကုန်သွယ်ရေးဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်ရောက်မည်


(နိုင်ငံတကာ) ဧပြီ ၁၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဂျပန်နှင့်ကုန်သွယ်ရေးဆွေးနွေးပွဲသို့ တက်ရောက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ၏ စီးပွားရေးပြန်လည်ရှင်သန်ရေးဝန်ကြီး အာကာဇာဝါ ရိုင်ရိုဆေး ကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်မှုဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး ပထမအကြိမ် ညှိနှိုင်း ဆွေးနွေးပွဲကို တက်ရောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံသည် လာမည့်ရက်အတွင်း အခွန်စည်းကြပ်မှုများ၊ စစ်ဘက်ဆိုင်ရာ ထောက်ပံ့မှု ကုန်ကျစရိတ် များနှင့် ကုန်သွယ်ရေးသာတူညီမျှဖြစ်စဉ်များကို ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း သမ္မတ ထရမ့် က လူမှုမီဒီယာ ပေါ်တွင် ဧပြီလ ၁၆ ရက်က ပြောကြားခဲ့သည်။

ထို့အတူ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘီဆန့် နှင့် ကုန်သွယ်ရေးကိုယ်စားလှယ် ဂျမေဆန် ဂရီယာ တို့နှင့်အတူ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထရမ့် က ဂျပန်ကုမ္ပဏီများ၏ အကျိုးအမြတ်များသည် နေ့စဉ်နေ့တိုင်း ဖြည်းညင်းစွာကျဆင်းလာကြောင်းနှင့် အကျိုးရလဒ်ကောင်းများရရှိရန် ဂျပန်အစိုးရအနေဖြင့် အကောင်းဆုံးကြိုးစားလျက်ရှိကြောင်း အာကာဇာဝါ က ဧပြီလ ၁၅ ရက်က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ၏ စီးပွားရေးတွင် ဂျပန်နိုင်ငံ မည်သို့ပါဝင်ပတ်သက်မှုများ ရှိမည်လဲဆိုသည့် အချက်နှင့်ပတ်သက်ပြီး အမေရိကန်အရာရှိများကို အကောင်းဆုံးရှင်းပြ သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်သည် ဂျပန်နိုင်ငံ၏ ဈေးကွက်များကို ဝင်ရောက်စွက်ဖက်မည်ကို ဂျပန်အစိုးရအဖွဲ့ ဝင်တစ်ချို့နှင့် အာဏာရပါတီများက စိုးရိမ်လျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN