မဟာသင်္ကြန်အကြက်နေ့တွင် ပဲခူးမြို့၌ရိုးရာယဥ်ကျေးမှုအစဥ်အလာမပျက်ရေကစားလျှက်ရှိ


(ပြည်တွင်း) ဧပြီ ၁၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ ၁၃၈၆ခုနှစ်တွင်ကျရောက်သော မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာအတာသင်္ကြန်ပွဲတော်အား အကြိုနေ့မှစ၍ ပဲခူးတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် မိဘပြည်သူများမှ ရိုးရာယဥ်ကျေးမှုအစဥ်အလာမပျက်ရေကစားခြင်း၊ စတုဒိသာမဏ္ဍပ်များ တည်ဆောက်၍ အလှူဒါနပြုခြင်းတို့ကိုပြုလုပ်လျှက်ရှိရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ပဲခူးမြို့၏ကျက်သရေဆောင် ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီ တော်မြတ်ကြီး၏ အနောက်ဘက်မုဒ် ဘုရားလမ်းတွင် လမ်းလျှောက်သကြင်္န်နှင့် စတုဒိသာမဏ္ဍပ်များထိုး၍ ထမင်းများကျွေးမွေးခြင်း၊ အအေးနှင့် မြန်မာ့ရိုးရာမုန့်များ ကျွေးမွေး ခြင်းတို့ကို နေ့စဥ်ဒါနပြုလှူဒါန်းလျှက်ရှိပြီး ကမ္ဘောဇသာဒီရွှေနန်းတော်ကြီးအတွင်း၌လဲ စတုဒိသာမဏ္ဍပ်များထိုး၍ လာရောက်လည်ပတ် အနားယူ ရေကစားကြသူများအား ကျွေးမွေးဧည့်ခံ ဒါနပြုလျှက်ရှိသည်။

အကြတ်နေ့ပဲခူးဘုရားလမ်းရှိမြင်ကွင်းများ ။

Telegram»…
https://t.me/positiveanglenews

PAN