ငလျင်ဒဏ်သင့်သူများအတွက် ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ပထမအကြိမ်အဖြစ် အလှူငွေ သိန်းပေါင်း ၁,၅၀၀ ကျော်လှူဒါန်း


(ပြည်တွင်း) ဧပြီ ၁၅

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ငလျင်ဒဏ်သင့်သူများနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ပေး နေသည့် လူမှုကူညီရေးအသင်းတို့ထံသို့ ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ပထမအကြိမ်အဖြစ် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ကျိုက်ထီးဆောင်းဆရာတော်ကြီးနှင့် ငါးသုံးလီတပည့် ဒကာ၊ ဒကာမများစုပေါင်း၍ မန္တလေးငလျင်ကြီး ဒဏ်သင့် မန္တလေးမြို့ရှိ မစိုးရိမ်တိုက်သစ်အတွက် အလှူတော်ငွေ ကျပ်သိန်း ၃၀၀၊ ငလျင်ဒဏ်သင့်သူများ ကုသမှုခံယူနေ ကြတဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးအရိုးအထူးကုဆေးရုံကြီးရှိ လူနာ ၄၀၀ ဦးအတွက် အလှူငွေ ကျပ်သိန်း ၄၀၀၊ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ အလှူတော်ငွေကျပ်သိန်း ၁၀၀ တို့ကို လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ငွေကျပ်သိန်း ၁၅၀၊ ကျန်းမာရေးဝန်ကြီးဌာန သို့ ငွေကျပ်သိန်း ၃၀၀၊ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြသည့် ငလျင်ဒဏ်သင့် လူနာ ၁၀၀ ဦးအတွက် ငွေကျပ်သိန်း ၁၀၀၊ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးသို့ အလှူတော် ငွေကျပ်သိန်း ၁၀၀ တို့ကိုလည်း လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ကျိုက်ထီးဆောင်းဆရာတော်ကြီးမှ ငလျင်ဒဏ်သင့်ဒေသများတွင် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့ ဘိုဘိုဝင်း(မော်လမြိုင်)ဦးဆောင်တဲ့အဖွဲ့၊ မွန်(၂)ဖွဲ့၊ ကရင်(၂)ဖွဲ့ တို့အား ငွေကျပ် ၇၅ သိန်းနှင့် ငွေကျပ်သိန်း ၄၀ တန်ဖိုးရှိ လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများကိုလည်း လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN