(ပြည်တွင်း) ဧပြီ ၁၄
မန္တလေးတိုင်းဒေသကြီး၌ ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် အလှူရှင်များက အပါချီ ဘိလပ်မြေအိတ်များအပါအဝင် အလှူငွေ၊ ကူညီရေးပစ္စည်းများနှင့် စားသောက်ကုန်များကို ဧပြီလ ၁၁ ရက်နံနက်ပိုင်းက မန္တလေးတိုင်းအစိုးရအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။

အဆိုပါ လှူဒါန်းမှုများအနေနဲ့ မြန်မာနိုင်ငံကွမ်ရှီးကုန်သည်ကြီးများအသင်းချုပ်မှ ငွေကျပ် ၄၅ သိန်းတန်ဖိုးရှိ အစား အသောက်များနှင့် လူသုံးကုန်ပစ္စည်း (၄) မျိုး၊ Shwe Taung Cement Co.,Ltd မှ (အပါချီ ဘိလပ်မြေ) အိတ် ၃,၀၀၀၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မကွေးတိုင်းဒေသကြီးသဘင်အစည်းအရုံးနှင့်အလှူရှင်များက ငွေကျပ်သိန်း ၃၀ နှင့် ငွေကျပ်သိန်း ၁၇၀ တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်း (၃) မျိုးတို့ကို ပေးအပ်လှူဒါန်းခဲ့ ကြကြောင်း သိရပါတယ်။
ဒါ့အပြင် ကျောက်ပန်းတောင်းမြို့နယ်သံဃနာယကအဖွဲ့မှဦးဆောင်၍ ကျောက်ပန်းတောင်းမြို့နယ်လုံး ဆိုင်ရာမှ အလှူငွေကျပ်သိန်း ၅၀၀၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(မန္တလေးတိုင်းဒေသကြီး)မှ အလှူငွေကျပ်သိန်း ၁၀၀ တို့ကိုပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ အလှူရှင်များ၏လှူဒါန်းသည့် အလှူငွေ၊ ကူညီရေး ပစ္စည်း များနှင့်စားသောက်ကုန်များကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရ ယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရပါတယ်။
#PAN