(နိုင်ငံတကာ) ဧပြီ ၁၄
တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့သည် အချိန်ကြာမြင့်စွာ ပြင်ဆင်ထားသည့် ပူးတွဲရေတပ်စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်းလည်း ပါဝင်ခဲ့သည်ဟု တောင်ကိုရီးယားရေတပ်က ဧပြီလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံမှ ဟိုက်ပါဆိုးနစ်ဒုံးကျည်များကို စမ်းသပ်ခဲ့ခြင်းကြောင့် စစ်ရေးလေ့ကျင့်မှုများတွင် ရေငုပ်သင်္ဘောတိုက်ဖျက်မှု စစ်ဆင်ရေးအတွက် လေ့ကျင့်မှုများပါဝင်ကြောင်း တောင်ကိုရီးယားရေတပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်တို့တွင် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံအကြားရှိ နိုင်ငံတကာရေပိုင်နက်ထဲတွင် နှစ်ရက်ကြာပြုလုပ်ခဲ့ပြီး အမေရိကန်လေယာဉ်တင်သင်္ဘောကြီး သီအိုဒိုးရုစဗဲ့ထ်နှင့် ဖျက်သင်္ဘောများဖြစ်သည့် ဟောင်းဝပ်ဒ်၊ ရက်ဆဲလ်နှင့် ဒန်နီရယ် အင်နူယီတို့နှင့်အတူ တောင်ကိုရီးယားနှင့် ဂျပန်တို့မှ စစ်သင်္ဘောများ ပူးပေါင်းပါဝင်ခဲ့သည်။
ထို့ပြင် မဟာမိတ်သုံးနိုင်ငံ၏ ရေတပ်များသည် လူအစုလိုက်အပြုံလိုက် သေကျေပျက်စီး စေနိုင်သည့် လက်နက်များကို မြောက်ကိုရီးယားက တရားမဝင်သယ်ယူမှုများအား ပိတ်ဆို့ဟန့်တားသည့် ပင်လယ် ရေကြောင်းလေ့ကျင့်မှုများနှင့် အန္တရာယ်ကျရောက်နေသည့် သင်္ဘောများကိုရှာဖွေ၍ ကူညီကယ်ဆယ်သည့် လေ့ကျင့်မှု များကိုလည်း ပြုလုပ်ခဲ့သည်။ ဧပြီလ ၁၁ ရက်က အမေရိကန်နှင့်တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ၀ါရှင်တန်၌နှစ်စဉ်ပြုလုပ်မြဲ ကာကွယ်ရေးဆိုင်ရာဆွေးနွေးမှုများပြုလုပ်စဉ်အတွင်း လာမည့်နွေရာသီ စစ်ရေး လေ့ကျင့်မှုများတွင် မြောက်ကိုရီးယား က နျူကလီးယားလက်နက်အသုံးပြုလာနိုင်သည့် အရေးပေါ်အခြေအနေ အတွက် ကြိုတင်ပြင်ဆင်မည့် လေ့ကျင့်ရေးအစီအစဉ်များကို ထပ်လောင်းအတည်ပြုခဲ့သည်။
#PAN