“ငလျင်သင့်ဒေသတွင် ဆေးဝါးကုသပေးရန် ဂျပန်ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲ ဒုတိယအသုတ် ရောက်ရှိ”

(ပြည်တွင်း) ဧပြီ ၁၄

ငလျင်ဒဏ်သင့်ဒေသတွင် ဆေးဝါးကုသပေးရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး (JDR) ဆေးဖက်ဆိုင်ရာနည်းပညာအဖွဲမှာ ဧပြီလ ၁၃ ရက်တွင် ရန်ကုန်မြိုသို့ ဒုတိယအသုတ်အနေနဲ့ ရောက်ရှိ လာကြောင်း JICA Myanmar က အသိပေးထားပါတယ်။

အဆိုပါ ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့တွင် အဖွဲ့ဝင် ၂၀ ဦးပါဝင်ကာ ငလျင်သင့်ဒေသများသို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း ဂျပန်သံရုံးက ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၂ ရက်ကလည်း အဖွဲ့ဝင် ၃၀ ဦး ပါဝင်သည့် JDR ဆေးဘက်ဆိုင်ရာအဖွဲ့ ရောက်ရှိခဲ့ကာ ငလျင်သင့်ဒေသများရှိ လူနာပေါင်း ၉၀၀ ကျော်ကို ဆေးဝါး ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သည့် ငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ ၆ သန်း ခန့် လူသားချင်းစာနာထောက်ထားဆိုင်ရာအကူအညီအဖြစ် ပေးအပ်ခဲ့ပြီး အဆိုပါ ကူညီထောက်ပံ့မှုကို ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ(JICA) မှတစ်ဆင့် ပေးအပ်ကူညီသွားခြင်းဖြစ်‌ကြောင်း သိရပါတယ်။ 

#PAN