“ငလျင်ဒဏ်သင့်မြန်မာပြည်သူများအတွက် အမေရိကန်အစိုးရ က နှစ်သစ်ဆုတောင်း ပေးပို့”

(နိုင်ငံတကာ) ဧပြီ ၁၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရို က ငလျင်ဒဏ်သင့်ခံစားနေရသော မြန်မာပြည်သူများနှင့် အတူ တစ်သားတည်းရပ်တည်နေကြောင်း ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအခါသမယ မြန်မာအတာသင်္ကြန်ပွဲတော်နဲ့ အတူ ပိုမိုကောင်းမွန်သော မနက်ဖြန်အတွက် မျှော်လင့်ချက်တို့ကို ယူဆောင်ပေးနိုင်ပါစေလို့ နှစ်သစ်ဆုမွန်ကောင်း အနေနဲ့ ပြောကြားခဲ့ကြောင်း ဧပြီလ ၁၃ ရက်တွင် အမေရိကန်သံရုံးမှ ထုတ်ပြန်ခဲ့ပါတယ်။

မတ်လ ၂၈ ငလျင်ကြောင့် ဝမ်းနည်းပူဆွေးမှုနှင့် ပျက်စီးဆုံးရှုံးမှုများတွေ့ကြုံနေကြတဲ့ လူပေါင်းများစွာနှင့် အတူ မိမိတို့ တစ်ပေါင်းတစ်စည်းတည်းရှိနေကြောင်းနှင့် ခက်ခဲသောကာလအတွင်း မြန်မာပြည်သူများနှင့်အတူ အမေရိကန်ပြည်ထောင်စုက တစ်သားတည်းရပ်တည်နေသည်ဟု အမေရိကန်သံရုံးမှထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ အသက်ကယ်ဆယ်ရေးဆိုင်ရာလူသားချင်းစာနာ ထောက်ထား မှု အကူအညီများပေးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကြိုးပမ်းမှုများကို ပေးအပ်ရာတွင် နိုင်ငံတကာ အသိုက်အဝန်းနှင့်ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ပြီး အခက်အခဲနှင့်ရင်ဆိုင်ရသည့်အခါ မြန်မာပြည်သူများ၏ သတ္တိနှင့်သဒ္ဓါတရားတို့မှာ ယခင်ထက်ပင် ပိုမိုထင်ရှားပေါ်လွင်စေကြောင်း၊ သင်္ကြန်စိတ်ဓာတ်သည် အသစ် ပြန်လည်ဖြစ်စေခြင်းနှင့် ပိုမိုကောင်းမွန်သောမနက်ဖြန်အတွက် မျှော်လင့်ချက်တို့ကို အမှတ်ရစေကြောင်း ပြောကြားထားသည်။

သင်္ကြန်နဲ့အတူ မြန်မာပြည်သူပြည်သားတွေရဲ့နှစ်သစ်မှာ မျှော်လင့်ချက်တွေနဲ့ ခွန်အားတွေ ယူဆောင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းကြောင်း ဖော်ပြထားပါတယ်။

#PAN