(နိုင်ငံတကာ) ဧပြီ ၁၃
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် သံမဏိနှင့် အလူမီနီယံတင်သွင်းမှုအပေါ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းကို စီစဉ်ထားသည့်အတိုင်း စတင်ကောက်ခံနေပြီဖြစ်သည်။

အခွန်ကောက်ခံနှုန်းကို အမေရိကန်အရှေ့ပိုင်းစံတော်ချိန် မတ်လ ၁၂ ရက် နံနက် ၁၂ နာရီ ၁ မိနစ်တွင် စတင်ခဲ့သည်။
အမေရိကန်သမ္မတ ထရမ့် သည် အခွန်စည်းကြပ်မှုကိုကျင့်သုံးရန် လွန်ခဲ့သောလက သမ္မတအမိန့် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါလှုပ်ရှားမှုသည် ထုတ်လုပ်သူများကို အမေရိကန်သို့ ပြန်လည်ဆွဲဆောင် ရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်သည်။
ကုန်သွယ်ဖက်နိုင်ငံများအားလုံးကို အခွန်စည်းကြပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရမ့် က ပြောကြားခဲ့သည်။
ယခုလိုလုပ်ဆောင်ခြင်းသည် အလားတူအခွန်စည်းကြပ်မှုမှ အချို့နိုင်ငံများကို ကင်းလွတ်ခွင့် ပေးခဲ့သည့် ထရမ့် ၏ ပထမသမ္မတသက်တမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
ထရမ့် ၏ ပထမသမ္မတသက်တမ်းတွင် ဂျပန်နိုင်ငံမှ သံမဏိတင်သွင်းမှုအချို့ကို သတ်မှတ်ချက်နှင့် အခွန်ကင်းလွတ်ခွင့်ပေးခဲ့သည်။
ဂျပန်ကုန်သွယ်ရေးဝန်ကြီး မူတိုယိုဂျီ သည် မတ်လ ၁၀ ရက်တွင် အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဟောဝက်ဒ်လုဒ်နစ်ခ်နှင့် တွေ့ဆုံစဉ် အဆိုပါအခွန်စည်းကြပ်မှုသစ်မှ ဂျပန်နိုင်ငံကို ကင်းလွတ်ခွင့်ပြုရန် တောင်းဆိုခဲ့ သော်လည်း အပြုသဘောဆောင်သည့် တုံ့ပြန်ချက်မရရှိခဲ့ကြောင်း သိရသည်။
အာကာသနှင့်လေကြောင်းဆိုင်ရာမှသည် စွမ်းအင်ကဏ္ဍအထိ အမေရိကန်စက်မှုလုပ်ငန်းများသည် သံမဏိနှင့် အလူမီနီယံများကို ပြည်ပမှတင်သွင်းအသုံးပြုလျက်ရှိသောကြောင့် ယခုလိုအခွန်စည်းကြပ်လိုက်ခြင်းဖြင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ တိုးလာမည်ဟုမျှော်လင့်ရသည်။
ဥရောပသမဂ္ဂသည် မတ်လ ၁၂ ရက်က တန်ပြန်အရေးယူ ဆောင်ရွက်ချက်များကို ကြေညာခဲ့သည်။
#PAN