ရပ်ထားသောခရီးသည်တင်ယာဥ်အား Hilux ယာဥ်မှဝင်ရောက်တိုက်မိခဲ့


(မှုခင်း) မတ်လ ၂၆

မတ်လ(၂၅)ရက်နေ့၊ နံနက်(၄) နာရီအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၈၅/၁)နှင့် (၁၈၅/၂) ဖာလုံကြားတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းစခန်းမှတပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော YUTONG အမျိုးစား၊ဖြူနက်ကြားရောင်Express ခရီးသည်ယာဉ်မှာ ယာဘက်နောက်ဘီးပွင့်ထွက်၍ နောက်အပေါ်အောက်စုံမီးနှင့် ယာဉ်၏နောက်ပေ(၃၀)ခန့်အကွာတွင် အတားအဆီးများချ၍ရပ်တန့်ထားစဉ် လားရာတူနောက်မှ မောင်းနှင်လာသော Toyota Hilux Revo အမျိုးစား(အဖြူရောင်)ယာဉ်မှ အခင်းဖြစ်နေရာအရောက် ယာဉ်မောင်းအိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်၍တိုက်မိခဲ့ရာ ယာဉ်မတော်တဆမှု ကြောင့် Express ယာဉ်မောင်းနှင်သူနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာမရရှိသော်လည်း ဝင်ရောက်တိုက်မိသူ Toyota Hilux Revo ယာဉ်ပေါ်ပါ ကျား(၄)ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

photo-မီးသတ်တပ်ဖွဲ့
ကိုအောင်(ပဲခူး)

Telegram»…
https://t.me/positiveanglenews

PAN