အမေရိကန်၏ ထိပ်တန်းလျှို့ဝှက်ချက်များ သတင်းထောက်တစ်ဦးထံမှားယွင်းပေးပို့မိခဲ့


(နိုင်ငံတကာ) မတ်လ ၂၅

အမေရိကန်၏အမျိုးသားလုံခြုံရေးအကြံပေးက စစ်ဆင်ရေးဆိုင်ရာ ထိပ်တန်း လျှို့ဝှက်ချက်အချို့ သတင်းထောက်တစ်ဦးထံ မှားယွင်း ပေးပို့မိခဲ့ကြောင်းသိရသည်။

အမျိုးသားလုံခြုံရေးအကြံပေး Mike Waltz သည် ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မည့် စစ်ဆင်ရေးဆိုင်ရာ စီမံချက်အချို့အား နာမည်ကြီးသတင်းထောက်တစ်ဦးထံ မှားယွင်းပေးပို့မိခဲ့သည်။

ဟူသီသူပုန်များအား တိုက်ခိုက်မည့် စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များအား ဒုတိယသမ္မတ ဂျေဒီ ဗန့်စ်နှင့် ကာကွယ်ရေးဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးများထံသို့ Signal App မှတစ်ဆင့် ပေးပို့နေသည့် ဂရုတစ်ခုအတွင်းသို့ Atlantic သတင်းဌာနမှ အယ်ဒီတာချုပ် Jeffrey Goldberg မှား ထည့်သွင်းမိခဲ့သည်။

Jeffrey Goldberg က၎င်းထည့်သွင်းခံရသည့် ဂရုတွင် နိုင်ငံတော်အဆင့် ထိပ်တန်းပုဂ္ဂိုလ်အမည်များအား မြင်တွေ့ရခြင်းကြောင့် လိမ်လည်မှုတစ်ခု ဖြစ်နိုင်ကြောင်း ထင်မြင်ခဲ့ပြီး ယီမင်တွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် အမှန်တကယ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ မှားယွင်းမှုအား အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက မှန်ကန်ကြောင်း အတည်ပြုခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမေရိကန်ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ယခင်တာဝန်ရှိသူ အချို့က အလွန်အန္တရာယ်ရှိသည့်လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ခဲ့သည်။

ဒီမိုကရက်ပါတီလွှတ်တော်အမတ်များက Signal Chat ပေါက်ကြားမှုအား စုံစမ်းစစ်ဆေးရန်တောင်းဆိုခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN