(အားကစား) မတ်လ ၂၅

လီဗာပူးလ်အသင်းမှာ ပွဲကစားခွင့်မရခြင်းကြောင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေတဲ့ အီတလီ တိုက်စစ်ကစားသမား ခီယေဆာ ရဲ့ ဖခင်ဖြစ်သူက ခီယေဆာ ဟာ လီဗာပူးလ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် ခီယေဆာ ဟာ ၂၀၂၄ နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းမှ လီဗာပူးလ်အသင်းသို့ ပေါင် ၁၂ ဒသမ ၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
ခီယေဆာ သည် ပရီးမီးယားလိဂ်တွင် ၂၅ မိနစ်၊ ချန်ပီယံလိဂ်တွင် ၁၀၇ မိနစ်၊ လိဂ်ဖလားတွင် ၁၂၀ မိနစ်၊ FA ဖလားတွင် ၁၃၅ မိနစ် ကစားခွင့်ရထားခြင်းဖြစ်ပါတယ်။
ဒါကြောင့် အသင်း ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်နေတာဖြစ်ပြီး ဖခင်ဖြစ်သူကတော့ ခီယေဆာ ဟာ လီဗာပူးလ်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews