ရေတာရှည်မြို့၊ လျှပ်စစ်ရုံးနားနေဆောင်အနီး အသံမိုင်း ၁ လုံးပေါက်ကွဲ


(ပြည်တွင်း) မတ်လ ၂၅

ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရေတာရှည်မြို့၊ အမှတ်(၃)ရပ်ကွက်၊ စည်သူလမ်းပေါ်ရှိ လျှပ်စစ်ရုံး နားနေဆောင်အနီးတွင် ယနေ့နေ့လည် ၁ နာရီ ၂၀ မိနစ်အချိန်ခန့်က လက်လုပ်မိုင်း(အသံမိုင်း) ၁ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်သမား ၂ ဦးမှာ ဆိုင်ကယ် ၁ စီးနဲ့ လျှပ်စစ်ရုံးဘေးလမ်း နောက်ကြောဘက်ကရောက်ရှိလာပြီး မီးရှို့စနစ်လက်လုပ်မိုင်း(အသံမိုင်း) ၁ လုံးကို ခြောက်လှန့်ပစ်ခဲ့တာကြောင့် လျှပ်စစ်ရုံးခြံဝန်း အတွင်းထောင့်ကိုကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်းတစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့သိရပြီး ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ကလည်း အဆိုပါ လျှပ်စစ်ရုံးအတွင်းမပေါက်ကွဲ သေးတဲ့ ဗုံးတစ်လုံးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN