နတ်ရေကန်တိုက်ပွဲမှ ထွက်ပြေးလာသည့် AA တစ်ဦးအား ကျေးရွာသားများမှဖမ်းဆီးရမိ

(မှုခင်း) မတ် ၂၃

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင် အမ်း – မင်းဘူးလမ်းရှိ နတ်ရေကန်တိုက်ပွဲအတွင်းမှ ထွက်ပြေးလာသည့် ရခိုင်လက်နက်ကိုင်သောင်းကျန်းသူ AA တစ်ဦးအား ကျေးရွာသားများမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ ၂၁ ည ၈ နာရီခွဲ အချိန်ခန့်တွင် မကွေးမြို့နယ်၊ အင်းနက်ကျေးရွာ ဘုန်းကြီးကျောင်းသို့ အမည်မသီ လူ ၂ ဦး ရေဝင်သောက်ရာမှ မသင်္ကာသဖြင့် ကျေးရွာသားများမှ ဝိုင်ဝန်းဖမ်းဆီးရာ တစ်ဦးမိပြီး ကျန်တစ်ဦးမှာ ထွက်ပြေးသွားကြောင်း သိရသည်။.

ကျေးရွာသားများဖမ်းဆီးပေးခဲ့သည့် ရခိုင်သောင်းကျန်းသူ AA အဖွဲ့ဝင်အား လုံခြုံရေးအဖွဲ့မှ သွားရောက်ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းမှာရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာဟောင်းကျေးရွာအခြေစိုက် အမှတ်(၉၂၈) AA တပ်ရင်းမှဖြစ်ပြီး အကြမ်းဖက်အဖွဲ့ဝင်လုပ်သက်မှာ ၂နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အမ်းမြို့မှ ကား ၃စီးဖြင့် AA အဖွဲ့ဝင် ၂၀၀ ဦးခန့် မှာ မကွေးတိုင်းဒေသကြီး၊ နတ်ရေကန်သို့ ရောက်ရှိခဲ့ပြီး နတ်ရေကန်အနီး တောင်စောင်းတစ် နေရာ၌ အခြေပြုနေစဉ် တပ်မတော်ဘက်မှ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခံခဲ့ရသဖြင့် (ပ) အကြိမ်တွင် AA အဖွဲ့မှ ၁၀ ဦးခန့်နှင့် (ဒု)ကြိမ်တွင် ၃ ဦးခန့် သေသွားခဲ့ပြီး ဒဏ်ရာရသူများ လည်း ရှိကြောင်း သိရှိရဖော်ထုတ်ပြောဆိုခဲ့ကြောင်း သိရသည်။

၂၀၂၅ မတ် ၁၃ ရက်နေ့ ညနေပိုင်းတွင် AA ဒုဗိုလ်အဆင့်ရှိ ဝင်းနေစိုးနှင့် အတူ နတ်ရေကန်စခန်းမှ ထွက်ပြေးလာခဲ့ပြီး ၎င်းကိုင်ဆောင်သော M- 22 (1)လက်၊ ၎င်းကျည် ၂၀၀ တောင့်၊ ကျည်အိမ် (၃)ခုနှင့် ဒုဗိုလ် အဆင့်ရှိ ဝင်းနေစိုး ကိုင်ဆောင်သော RPJ (1) လက်နှင့် ပစ္စာတို ၁ လက်တို့အား ၎င်းနတ်ရေကန်စခန်းတွင် ထားခဲ့ပြီး ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့ ထွက်ပြေးလာစဉ် ဒုဗိုလ် အဆင့်ရှိ ဝင်းနေစိုး ထံတွင် ဖုန်း ၁ လုံးပါခဲ့ပြီး ဖြိုးထက်ဦးထံတွင် ၁ ပေခွဲပတ်လည်ရှိ ဆိုလာပြား ၁ချပ်၊ ဖုန်းအားသွင်းကြိုး ၁ ချောင်း၊ ဆင်းကဒ်အလွတ် ၂ ခုတို့ပါရှိလာခဲ့ပြီး နတ်ရေကန်မှတစ်ဆင့် တောလမ်းအတိုင်း ထွက်ပြေးလာခဲ့ရာ တောထဲတွင် ၈ ညခန့်အိပ်ခဲ့ရသည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

ကျေးရွာသားများဝိုင်းဝန်းဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်သွားသူ AA ဒုဗိုလ်အဆင့်ရှိ ဝင်းနေဦး အား ဖမ်းဆီးရမိနိုင်ရေး သက်ဆိုင်ရာ လိုက်လံပိတ်ဆို့ဆောင်ရှာဖွေလျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

PAN #AA #နတ်ရေကန်တိုက်ပွဲ