ONE Friday Fight -101 မှာ ရိုးရာဖိုက်တာ သွေးလင်းထက်အနိုင်ရရှိ


(အားကစား) မတ်လ ၂၂

မတ်လ ၂၁ ရက်ကကျင်းပတဲ့ ONE Friday Fight -101 ပွဲစဉ်မှာ ဝင်ရောက်ထိုးသတ်ခဲ့တဲ့ ရိုးရာဖိုက်တာ သွေးလင်းထက်က ပြိုင်ဘက်ဖြစ်သူ မွေထိုင်းဖိုက်တာ ရော့ကီ ကို ဒိုင်ပေးမှတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

သွေးလင်းထက် က ဒုတိယအချီမှာ တစ်ကြိမ်၊ တတိယအချီတွင် တစ်ကြိမ် ပတ်တံတောင်ရိုက်ချက်များဖြင့် အမှတ် ရယူခဲ့ခြင်းလည်း ဖြစ်သည်။

ပြိုင်ဘက်ဖြစ်သူမှာ တံတောင်ရိုက်ချက် ဖြင့် Knockdown ကျပြီးနောက်ပိုင်း သွေးလင်းထက်ကို ဖိအားပေး ထိုးသတ်ခဲ့သော်လည်း ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ရိုးရာဖိုက်တာ အဲမွီနှင့် အစ္စရေးဖိုက်တာ အာဟာဗက်ဂေါ်ဒွန် တို့ပွဲစဉ်မှာ ရိုးရာဖိုက်တာ အဲမွီ က ဒိုင်ပေးမှတ်ဖြင့် ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN