(ပြည်တွင်း) မတ် ၂၁
၂ဝ၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်း ဗဟိုဌာန MICC-I မှာ ဒီနေ့မနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ပပညာရှင်များအား မိတ်ဆက်ပေးခြင်း “လှသော ချစ်သော မြန်မာ သီချင်းဖြင့်ဖျော်ဖြေခြင်း “၂ဝ၂၅ ခုနှစ် ရှုမြော်မှုအသစ်နှင့် မြန်မာနိုင်ငံ” Video Clip ပြသခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဆွေးနွေးခြင်း၊ အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ခြင်း၊ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း စသည့်အစီအစဥ်များဖြင့်ပြုလုပ်ခဲ့သည်။

ဒုတိယပိုင်းအစီအစဥ်တွင် Key Note Speech ပြောကြားမည့်အစီအစဉ်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကသုံးသပ်ဆွေးနွေးပွဲနှင့် ပတ်သက်၍ မိတ်ဆက်ပြောကြားခြင်း၊ Professor Mr. Zhang Wei from China Academy, University of Fudanက စတင်ဆွေးနွေးခြင်း စသည့်အစီအစဥ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။














#PAN #၂ဝ၂၅အလွန် ဗဟုဝင်ရိုးကမ္ဘာ