ONE 173 ပွဲစဉ်မှာ မြန်မာလက်ဝှေ့သမား စိုးလင်းဦး ပွဲစဉ်ပါဝင်


(အားကစား) မတ်လ ၁၉

လာမယ့် သြဂုတ်လ ၁ ရက် အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ONE Championship ပြိုင်ပွဲရဲ့ ONE 173 ပွဲစဉ်မှာ မြန်မာလက်ဝှေ့ အကျော်အမော် စိုးလင်းဦး နဲ့ ဗြိတိန်ကစ်ဘောင်ဆင်သမား လီယမ်ဟာရီဆင် တို့ယှဉ်ပြိုင်ထိုးသတ်မယ်လို့ သိရပါတယ်။

ONE Championship က ONE 173 မှာ စိုးလင်းဦး နဲ့ ဗြိတိန်ကစ်ဘောင်ဆင်သမား လီယမ်ဟာရီဆင် တို့ဟည ဘင်တန်ဝိတ်တန်း မွေထိုင်းပွဲစဉ်အဖြစ် ထိုးသတ်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ် စိုးလင်းဦး ဟာ ONE လက်အောက်မှာ ခြောက်ပွဲထိုးသတ်ရာ သုံးပွဲနိုင်၊ သုံးပွဲရှုံးထားပြီး အစောပိုင်းသုံးပွဲစလုံး အလဲထိုးအနိုင်ရခဲ့သော်လည်း နောက်ဆုံး သုံးပွဲဆက် အမှတ်ဖြင့် အရေးနိမ့်ခဲ့ရပါတယ်။

အသက် ၃၉ နှစ်အရွယ် ဟာရီဆင် ကတော့ ONE လက်အောက်မှာ ခြောက်ပွဲထိုးသတ်ရာ နှစ်ပွဲနိုင်၊ လေးပွဲရှုံး မှတ်တမ်းရရှိထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN