(ပြည်တွင်း) မတ်လ ၁၉

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယနေ့နံနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် Hilux Vigo မီးတန်းယာဉ်ဖြင့် တံတားဦးမြို့နယ်၊ စကားအင်း အမြန်လမ်းရဲစခန်းအခြေပြုမှ ထွက်ခွာလာခဲ့ရာ နံနက် ၁၁ နာရီကျော်အချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊ ရန်-မန်းအမြန်လမ်း မိုင်တိုင်(၃၁၉/၃)၊ တဇောက်ချောင်းတံတားအနီးအရောက် တောင်ဘက် ၇ မိုင်ခန့်အကွာမှန၍ အကြမ်းဖက် PDF အဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ Hilux Vigo မီးတန်းယာဉ်၏ ရှေ့ယာဘက်ဘီး ကျည်ဖောက်ဝင် ၁ ချက်၊ ရှေ့ယာဘက်တံခါး ကျည်ဖောက်ဝင် ၁ ချက်၊ နောက်ယာဘက် တံခါးမှန် ကျည်ဖောက်ဝင် ၁ ချက်တို့ ထိမှန်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။
အလားတူ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ရန်-မန်းအမြန်လမ်း မိုင်တိုင်(၃၁၉/၆) တဇောက်ချောင်းရဲကင်းအား ယနေ့နံနက် ၁၁ နာရီ ၂၅ မိနစ်အချိန်ခန့်က ရဲကင်း၏ တောင်ဘက် ၃ ဖာလုံခန့်အကွာ မိုင်တိုင်(၃၁၉/၃)ဘက်မှ အကြမ်းဖက် PDF များသည် ၄၀ မမ ဖြင့် ၃ ချက်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲကင်း၏အရှေ့မြောက်ဘက် ၂ ဖာလုံခန့်အကွာ ထန်းတောသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပြန်လည်တုန့်ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် ပစ်ခတ်မှုရပ်တန့်သွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက် PDF အဖွဲ့သည် တဇောက်ချောင်းကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဆောက်အဦထိခိုက် ပျက်စီး/ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်နေရာဝန်ကျင်အား တပ်မတော်စစ်ကြောင်းမှ အကြမ်းဖက် PDF များ ဆုတ်ခွာသွားနိုင်သည့်နေရာများအား လိုက်လံပိတ်ဆို့ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ဒီဇင်ဘာ ၂၃ ရက်တုန်းက ရန်ကုန် – မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၈ ကိုတက်လာတဲ့ PDF တွေမြင်ကွင်း ဓါတ်ပုံပဲ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews