လူရာချီသေဆုံးစေသည့် ဂါဇာဒေသ တကျော့ပြန်တိုက်ခိုက်မှုမှာ အစသာရှိသေးဟု နေတန်ယာဟုပြော


(နိုင်ငံတကာ) မတ်လ ၁၉

လူရာချီသေဆုံးစေသည့် မတ်လ ၁၇ ရက်နေ့ ညပိုင်းက ဂါဇာဒေသအား တကျော့ပြန်တိုက်ခိုက်မှုမှာ အစသာရှိသေးကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကပြောသည်။

နေတန်ယာဟုက “စေ့စပ်ညှိနှိုင်းမှုသည် ဆက်လက်တိုက်ခိုက်မှုများ၏အောက်တွင်သာရှိမည်” ဖြစ်ပြီး လက်ရှိတိုက်ခိုက်မှုသည် “အစသာရှိသေး”ဟု ရုပ်သံမှတ်တမ်းတစ်ခုတွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အစ္စရေး၏ တကျော့ပြန်တိုက်ခိုက်မှုသည် လူပေါင်း ၄၀၀ ကျော်အထိ သေဆုံးခဲ့ပြီး ရာပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အစ္စရေးစစ်တပ်၏ တကျော့ပြန်တိုက်ခိုက်မှုသည် ဇန်နဝါရီလ ၁၉ ရက်နေ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့ပြီးနောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ကြားဝင်စေ့စပ်ပေးသည့်နိုင်ငံများက အပြင်းအထန်ဝေဖန်ရှုံ့ချခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN