(နိုင်ငံတကာ) မတ်လ ၁၈

ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ARSA အဖွဲ့ရဲ့ ခေါင်းဆောင် အာတာအူလာ အပါအဝင် အဖွဲ့ဝင် ၉ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက မတ်လ ၁၇ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနဖြစ်တဲ့ bdnews24.com မှာရေးသားဖော်ပြထားပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၃ ဦးနဲ့ ကလေး ၁ ဦးအပါအဝင် စုစုပေါင်း လူ ၁၀ ဦးပါဝင်တယ်လို့လည်း အဲ့ဒီသတင်းဝက်ဆိုဒ်မှာဖော်ပြထားပြီး အဲဒီထဲမှာ ARSA ခေါင်းဆောင် အာတာအူလာ၊ မိုဟာမက် အက်စ်မတ်တူလာ၊ ဟာဆန်၊ ဆလင်မူလာ၊ မော့စတတ် အာမက် တို့ပါဝင်တယ်လို့လည်း ဆိုပါတယ်။
ARSA ခေါင်းဆောင် အာတူအူလာဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်မှာရှိတဲ့ မူဆလင် ဒုက္ခသည်စခန်းတွေကို သွားရောက်စဉ် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဖမ်းဆီးမှုကိူခံလိုက်ရတာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက ပြောပါတယ်။
၂၀၁၇ ခုနှစ်က ARSA ဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင် ဒေသများရှိ ရဲစခန်း ၃၀ ကို တပြိုင်တည်း တိုက်ခိုက်ခဲ့သလို ဒေသတွင်း ဟိန္ဒူဘာသာဝင်တွေနဲ့ တခြားသော လူမျိုးများကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews