
(ဆောင်းပါးကဏ္ဍ) မတ် ၁၉
မိုးရှင်
[၁]
နိုင်ငံတော်ရဲ့ အခြေအနေဆိုတာ နိုင်ငံသားအားလုံးရဲ့ ဘဝကို ကောင်းအောင် ဆိုးအောင်ရိုက်ခတ်ဖန်တီးနိုင်ပေတာပဲ။ တိုင်းပြည်အေးချမ်းသာယာတယ်ဆိုရင် တိုင်းသူပြည်သားတွေနေထိုင်ရတာ အလုပ်လုပ်ရတာ ပျော်ရွှင်ချမ်းမြေ့ကြတာပေါ့။ လူတိုင်းမဟုတ်တောင် အိမ်ထောင်စုပေါင်းများစွာ စီးပွားရေးကောင်းကြတယ်ဆိုရင် စိတ်ချမ်းသာကြရတာပေါ့။ တိုင်းပြည်မှာ သူခိုးဓားပြ၊ သူပုန်သူကန်ထကြွသောင်းကျန်းနေကြတယ်ဆိုရင်တော့ မလုံခြုံဘူးလေ။ နေရထိုင်ရတာ စိတ်ဆင်းရဲရတာပဲ။ လူ့အသက်လည်းမလုံခြုံဘူး။ အိုးအိမ်ဥစ္စာဘာမှမလုံခြုံဘူး။ သတ်ချင်သလိုသတ်၊ လုပ်ချင်သလိုလုပ်၊မီးရှို့ဖျက်ဆီးစသဖြင့် ဥပဒေမဲ့လုပ်တတ်ကြတယ်။
စစ်ဘေးစစ်ဒဏ်နဲ့ ငြိမ်းချမ်းတဲ့ဘဝဟာ.. လက်တွေ့မှာ အလွန်တရာကွာခြားကွဲပြားတာပဲ။ စစ်ပွဲတွေ အကြောင်းနောက်ခံထားတဲ့ ကမ္ဘာကျော်သမိုင်းမှတ်တမ်းဝင်ရုပ်ရှင်ကားတွေမှာ ထိတ်လန့် အံ့သြစရာ၊ ချောက်ချားကြောက်ရွံ့စရာတွေ ကြည့်ဖူးကြပေလိမ့်မယ်။
ခေတ်သစ်ကာလမှာတော့ နယ်ချဲ့က မီဒီယာမှိုင်း တိုက်ပြီး စစ်မီးမွှေးလိုက်တာ ကိုယ့်ပြည်ကိုယ့်ရွာအထိ ရောက်ရှိအောင် လောင်မြိုက်ခဲ့လို့ကိုယ်တွေ့သိရပြီ။
ကမ္ဘာ့နိုင်ငံ အသီးသီးမှာတော့ ခေါင်းဆောင်တွေဟာ တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေတာပဲ။ ဥပမာ- အိုက်စင်ဟောင်ဝါ၊ ဂျွန်အက်ဖ်ကနေဒီ၊ ဘီလင်ဒင်ဂျွန်ဆင်၊ နစ်ဆင်၊ ဂျင်မီကာတာ၊ဘားရက်အိုဘားမား၊ ဒေါ်နယ်ထရမ့်၊ ဂျိုးဘိုင်ဒင်၊ တစ်ကျော့ပြန်ဒေါ်နယ်ထရမ့်စသဖြင့် တစ်ယောက်ပြီးတစ်ယောက်တက်ကြဆင်းကြ၊ မြင်ခဲ့ရပါပြီ။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ။
အင်္ဂလန်မှာလည်း မာဂရက်သက်ချာ၊ ဘောရစ်ဂျွန်စင်၊ လစ်ဇ်ထရပ်စ်၊ ရီရီဆူနက်၊ လက်ရှိဗြိတိန်ဝန်ကြီး ချုပ်ဆို နာမည်တောင် မထင်ရှားပါဘူး။ လူသိအလွန်နည်းသွားပြီ။ ထားပါတော့။
နိုင်ငံအသီးသီးမှာခေါင်းဆောင်တွေဟာလည်း အနှေးနဲ့အမြန်တော့ ပြောင်းလဲနေကြတာပေါ့။ ရုရှားက ဗလာဒီမာပူတင်၊ တရုတ်က ရှီကျင့်ဖျင် စတဲ့ သမ္မတကြီးများကတော့ သူတို့နိုင်ငံကို အခက်အခဲအတား အဆီးအမျိုးမျိုးကြားကပဲ ရုန်းကန် တိုးတက်အောင်ကြိုးစားနိုင်ကြတဲ့ အာရှလူစွမ်း ကောင်းနိုင်ငံရေးခေါင်းဆောင်တွေပဲလေ။

မိမိတို့နိုင်ငံမှာလဲ ဒီမိုကရေစီစနစ်အရအထွေထွေ ရွေးကောက်ပွဲကြီးကို တပ်မတော် ယာယီအစိုးရက ရှေးပထမကပင် ကျင်းပဆောင်ရွက်ပေးမယ်လို့ ကတိပေးထားခဲ့တဲ့အတိုင်း ကြိုတင်စီမံပြင်ဆင်နေပေပြီ။ လူတွေကလည်း အပြောင်း အလဲကို မျှော်လင့်ချက်၊ ထင်မြင်ချက်တွေနဲ့ တောင့်တလိုလားချက် အမျိုးမျိုးနဲ့ မျှော်လင့်နေကြပေမှာပေါ့။
တကယ်တော့ ပြည်သူလူထုဟာ အထွေထွေ ရွေး ကောက်ပွဲမှာ အသည်းကြားက မဲတစ်ပြားဆိုတာ တန်ဖိုးရှိတဲ့ ရွေးချယ်ဆုံးဖြတ်ချက်ရဲ့ အရေး ကြီးပုံကို သိသူလည်းရှိတယ်။သတိမမူပဲ ကြုံသလိုပေးလိုက်သူလည်း ရှိနိုင်တယ်။ မမှန်မကန် လုပ်ကြံပြောဆိုနေတဲ့ အလွဲအမှား မျှော်လင့်ချက်များ၊ (False Hopes) ကို အယောင်ယောင်အမှားမှားနဲ့ ယုံစားပြီး ပေးလိုက်မိတာလည်း အချို့လူတွေကြုံဖူးခဲ့ပြီ။ မီဒီယာလွှမ်းမိုးမှု လှိုင်းလုံးကြီး များ၊ မှိုင်းတိုက်မှုများ၊ လှည့်စားဖုံးကွယ်မှုသတင်းအမှား၊ အချက်အလက်မှားသုံးသပ်ချက်အလွဲများနှင့် ထောင်ချောက်ထဲဆွဲချခံရပြီး၊ ချောက်ကျဖူးသူတွေလည်း မနည်းဘူး။

သူများနိုင်ငံများ၊ ကိုယ့်နိုင်ငံအဖြစ်များလေ့လာကြည့်ရင် သိနိုင်ပါတယ်။ အမှန်အမှား၊ အကောင်းအဆိုး၊ နိုင်ငံရေးလမ်းစဉ်၊ နိုင်ငံရေးဦးဆောင်မှုများရဲ့ အရည်အသွေးကို ယခုအခါမှာတော့ အထိုက် အလျောက် အကဲခတ်သုံးသပ်လေ့လာနိုင်ကြပါပြီ။
သင်ခန်းစာယူစရာတွေလည်းအတော်အတန်ရခဲ့ကြပြီ ဆိုရပေမှာပဲ။
မီဒီယာတွေရဲ့ လေလှိုင်းမှနေပြီး တာဝန်ခံမှု၊ တာဝန်ယူမှု၊ ယုံကြည်စိတ်ချရမှုမရှိပဲ၊ အကျင့်ပျက်မှု၊ သတင်းအရည် အသွေးညံ့ဖျင်းမှု၊ စေတနာမမှန်မှု၊ လာဘ်လာဘနောက် ကောက်ကောက်လိုက်ပြီး တမင်သွေးခွဲမှု၊ လှုံ့ဆော်မှု၊ ရည်ရွယ်ချက်ရှိရှိ ဘက်လိုက်ပြောဆိုမှု။
ပြည်ပနိုင်ငံကြီးများရဲ့ ငွေကြေးထောက်ပံ့မှုကိုရယူပြီး သူတို့အလိုကျမသမာမှု၊ ပါဝင်ပတ် သက်မှု၊ အနုနည်း အကြမ်းနည်းတွေနဲ့အကျပ်ကိုင်မှု၊ ဗိုလ်ကျလွှမ်းမိုးမှုတွေကိုလည်း မြင်ခဲ့တွေ့ခဲ့သိခဲ့ရပြီ။
နိုင်ငံရေးပါတီအချို့ဟာ မဲရချင်တော့ မျက် နှာထားနဲ့ ပြောစကားတွေက မျက်နှာသကာသုတ်လိမ်းပြီး မစားရဝခမန်းတွေ့ရပေမယ့် . အာဏာလည်းရရော အမှန်တရားနဲ့ ကျင့်ဝတ်သိက္ခာကို တောင်တန်ဖိုးထားရမှန်းမသိတော့ပဲ၊ ပြည်သူလူထုရဲ့ အခက်အခဲနဲ့ မပြေလည်မူတွေကို မျက်နှာလွှဲခဲပစ်နေနိုင်ခဲ့ကြတယ်။
အင်မတန်လျင်မြန်တဲ့ ဖောက်ပြန်ပြောင်းလဲမှုကိုပြည်သူတွေကြုံတွေ့ ခံစားခဲ့ရဖူးပေပြီ။ ပြော တော့မိုး၊ ထိုးတော့မြေကြီးပဲလေ။ မိုးနဲ့မြေပမာ ကွာခြား၊ ထင်ရာဆိုင်းသွား။
[J]
အမျိုးသားစာပေဆုရကဗျာဆရာတစ်ဦးနဲ့ အကြောင်းအားလျော်စွာသိကျွမ်းခင်မင်ခဲ့ရပါတယ်။ သူက အနုပညာတက္ကသိုလ်မှာ ပါမောက္ခတာဝန်လည်းထမ်းခဲ့ဖူးသူပါ။ သူ့ကဗျာလေးတွေက လူ့သဘော လူ့သဘာဝကို လှလှပပထင်ဟပ်ဖွဲ့ဆိုလေ့ ရှိပါတယ်။ မိမိထိတွေ့ရသူက ပူသလား၊ အေးသလား၊ ချိုသလား၊ ခါးသလား။
မတော်တဆဖြစ်စေ၊ ထိတွေ့မိလိုက်ရင်တော့ အပူအအေးကို သိနိုင်ပေတာပဲ၊ သူ့ကဗျာတစ်ပုဒ်ရဲ့ ခေါင်းစဉ်အမည်က မိတ္တူမှန်တဲ့။ဖတ်ကြည့်ပါနော်။
တစ်ခွက်ရေကြည်သောက်သုံးမည်ဟု
ယူသည်ခဏ၊ ဖိတ်လျှံကျခိုက်
ငါအားစင်ထိ၊ အေးပါဘိ။
ကော်ဖီပူပူ၊ သောက်မည်ယူခိုက်
မမူသတိ၊ တိုးတိုက်မိ၍
ထိစင်ငါ့ပေါ်၊ ဖိတ်ကျသော်တည့်
ဟစ်အော်မည်တ၊ ပူလောင်ကျ။
လူမှုနယ်ပယ်၊ အဝန်းကျယ်၏
ကျင်လည်ကျက်စား၊ ကြုံဖန်များ၌
ခြားနားမတူ၊ တစ်ပါးသူနှင့်
လူနှုတ်စရိုက်၊ တိုးမိတိုက်စဉ်
သင့်၌ ဖိတ်အန်၊သုံးပါးကံတည့်
ပီယံချိုများ၊ သကာလား။
ပူလောင်ထကြွ၊ ဒေါသလား။
သင့်ရင်ထဲမှာ၊ ဘာထည့်ထား။
ချစ်စုအောင်
အမျိုးသားစာပေဆု(ကဗျာဆု)ဆုရ
လက်ကိုင်ဖုန်းပေါ်က စာမျက်နှာများကတော့ မေတ္တာဓာတ်ကနည်းပါးပြီး၊ ဒေါသ၊ လောဘ၊ မောဟ၊ မကျေနပ်မှု၊ မနာလိုမှု၊ ဝန်တိုမှု၊ ဣဿာ၊ မစ္ဆရိယ စေတသိက်များအခြေခံပြီး ပြောဆိုကြ၊ရေးသားကြတာ အများစုလိုဖြစ်နေပါကလား။
လက်ကိုင်ဖုန်းပေါ်က စာမျက်နှာများကတော့ မေတ္တာဓာတ်ကနည်းပါးပြီး၊ ဒေါသ၊ လောဘ၊ မောဟ၊ မကျေနပ်မှု၊ မနာလိုမှု၊ ဝန်တိုမှု၊ ဣဿာ၊ မစ္ဆရိယ စေတသိက်များအခြေခံပြီး ပြောဆိုကြ၊ ရေးသားကြတာ အများစုလိုဖြစ်နေပါကလား။
လူတွေဟာ ကိုယ်ရောစိတ်ပါချမ်းသာစွာနေလိုကြပါလျက်နဲ့ ဘာ့ကြောင့် ပူလောင်ဆင်းရဲ၊ ဒုက္ခတွေသာ လွန်ကဲကြုံတွေ့နေရပါသလဲဘုရားလို့ ဂေါတမဗုဒ္ဓမြတ်စွာဘုရားကို သိကြားမင်းက မေးလျှောက်တော့ ဘုရားရှင်က ဖြေပါတယ်။ ဣဿာနဲ့ သစ္ဆရိယဆိုတဲ့ စိတ်ထားနှစ်ခုကြောင့် လူတွေဟာ ပူလောင်ဆင်းရဲ့နေရခြင်းပဲတဲ့။
ဖိုးရွှေလမင်းသူ့အလင်းနှင့်အဆင်းနှင့်
မီးအိမ်ငယ်လည်း၊ သူ့အရွယ်နှင့်၊
အစွယ်နှင့်၊
ပန်းစပယ်ငုံဖူး၊ ပွင့်ဦးနှင့်၊
မလှညင်ညို၊ ဝန်မတိုနှင့်၊
ဝန်တိုခြင်းသာ၊ မလှရာတည့်။
လောကမှာအလှတရားတွေ အများကြီးပါ။လောကကို အလှမြင်တတ်ဖို့ရာ အရေးကြီးရဲ့။
လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကာလအချိန်မှာ အမျိုးသားစာပေဆုရခဲ့တဲ့ ကဗျာဆရာတင်မိုးရဲ့ “ဖန်မီးအိမ် ကဗျာများ”ဆိုတဲ့စာအုပ်ထဲက မှတ်မိသမျှစာပိုဒ်အချို့ပါ။
သူတစ်ပါးအောင်မြင်ကြီးပွားတာကို နှစ်သက်ဝမ်း သာနိုင်ရမယ်။ ဝမ်းမြောက်ကြည်နူးတတ်ရပါမယ်။ အဲဒါဟာ မွန်မြတ်တဲ့စိတ်ထားအလှပါပဲ။
သူ့ကိုချီးမြှောက်၊ ကိုယ်ဂုဏ်မြောက်၏။
ယွင်းဖောက်အလို၊ ဝန်မတိုနှင့်၊
သူ့ကို ဂုဏ်နှိမ့်၊ ကိုယ်ဂုဏ်နိမ့်၏။
စည်းစိမ်အရာ၊ သူ့ချမ်းသာ၌
ဣဿာမပြု၊ ဝမ်းမြောက်ရှုလော့။
သူကိုနှိမ့်ချ၊ ကိုယ်နိမ့်ကျ၏။
အရှင်ဇဝန(၁၈၄၁-၁၉၂၀)
မန်လည်ဆရာတော်
(မဟာသုတကာရီမဃဒေဝလင်္ကာသစ်မှ)
[ ၃ ]
မြတ်စွာဘုရားသခင်က လောကကို သူ့ရဲ့ အဦး အစ သစ္စာလေးပါးမြတ်တရားဖြစ်တဲ့ ဓမ္မစင်္ကြာတရားတော်ကို ပဉ္စဝဂ္ဂီငါးဦးကို ဟောကြားတော်မူခဲ့တယ်။ အားလုံး သိပြီးဖြစ်ပါလိမ့်မယ်။ ဒုက္ခ၊ သစ္စာ၊ သမုဒယသစ္စာ၊ မဂ္ဂသစ္စာနဲ့ နိဂြောဓသစ္စာဆိုတဲ့ အကြောင်း အချက်တွေပါ။ ဒီတရား ဟောကြားပြီး အချိန်တစ်ပတ် လောက်နာကြားသူများ လေ့လာသုံးသပ်သဘောပေါက် နားရှင်းလောက်ပြီဆိုမှ အနတ္တလက္ခဏသုတ်ကို ဒုတိယထုတ်ဖော်ဟောကြားချက်အဖြစ် ဆက်လက်မိန့်တော်မူပါတယ်။
ဒီအနတ္တလက္ခဏသုတ်တရားတော်ထဲမှာ ကွဲပြားထူးခြားတဲ့ မဂ္ဂသစ္စာကို ပိုမိုတိကျရှင်းလင်းအောင်ရှင်းပြချက် ပါဝင်ပါတယ်။ စာဖတ်သူများလည်း နာကြားဖူးမယ်။ သိထားပြီးဖြစ်မယ်ထင်ပါတယ်။
ပထမဆုံးအချက်က သမ္မာဒိဋ္ဌိဆိုတဲ့ မှန်စွာမြင်ခြင်းအင်္ဂလိပ်လို Right View ဆိုကြတယ်။ မှန်စွာမြင်ရမှာကဘာလဲ။ ထာဝရဘုရားသခင်က ဖန် ဆင်းပေးခြင်း၊ အပြစ်ပေးခြင်း၊ ဆုလာဘ်ပေးခြင်းမဟုတ်၊ မိမိပြုလုပ်တဲ့ကံ၊ အလုပ်အတိုင်းသာ ကောင်းကျိုးဆိုးပြစ်ရရှိတာဖြစ်တယ်။
စေတနာဟာ ကံပါပဲ။
ယံ ကမ္မံ ကရိဿာမိ၊ ကလျာကံဝါ၊ ပါပကံဝါ
တသဒါယဒေါ၊ ဘဝိဿမီတိ။
မိမိပြုတဲ့ ကိုယ်၊ နှုတ်၊ စိတ်တို့ အကြောင်း ရင်းပြုပြီး အကျိုးဆက်ထွက်ပေါ်တဲ့သဘောပဲ။
“ယေဓမ္မာ ဟေတုပဘဝါ”
အကြင်အကြောင်းကြောင့် ထိုအကျိုးရလာတယ်။ (အကျယ်မဖော်ပြတော့ပါ။ သိလိုပါက ဆက်လေ့လာပါ။)အမြင်မှန်ခြင်းဟာ အခြေခံအကျဆုံ အဓိက အဆင့်ပါပဲ။
(၁) သမ္မာဒိဋ္ဌိ = မှန်စွာမြင်ခြင်း Right View
(၂) သမ္မာသင်္ကပ္ပ = မှန်စွာတွေးတောကြံစည်
ခြင်း Right Thought
(၃) သမ္မာဝါစာ = မှန်စွာပြောခ Right
Speech
(၄) သမ္မာကမ္မန္တ = မှန်စွာပြုမူ Right Actiog
(၅) သမ္မာအာဇီဝ = မှန်စွာအသက်မွေး
Right Livehood
(၆) သမ္မာဝါယမ = မှန်စွာအားထုတ် Right
Efford
(၇) သမ္မာသတိ = မှန်စွာအောင့်မေ့ Right
Mindfulness
(၈) သမ္မာသမာဓိ = မှန်စွာတည်ကြည်
Right Concentration
#PAN