(ပြည်တွင်း) မတ် ၁၇
မန္တလေးတိုင်းဒေသကြီး ၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်အရပ်ကွက်တွင် အကြမ်းဖက် PDF သင်တန်းဆင်း ၁ ဦး အလင်းဝင်ရောက်လာကြောင်း သိရသည်။

ယမန်နေ့မွန်းလွဲ၂နာရီ၄၀မိနစ်အချိန်ခန့်က အောင်ကိုဖြိုး (ခ)အောင်ကိုလွင်၊၂၈နှစ်၊(ဘ)ဦးမျိုးလွင်ဦး၊ကျောက်ရောင်းဝယ်၊၃၀×၃၁ လမ်းကြား၊၉၀×၉၁ လမ်း ကြား၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ချမ်းအေးသာစံမြို့နယ်နေသူမှ အလင်းဝင်ရောက်လိုကြောင်း ၊ရာအိမ်မှူး ဦးဇော်ဝင်းနိုင်ထံ သို့ လာရောက်သတင်းပို့သဖြင့် သက် ဆိုင်ရာတာဝန်ရှိသူများမှ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊၃၀×၃၁ လမ်းကြား၊၉၀×၉၁ လမ်းကြားရှိ ချမ်းသာရဘုရားတောင်ဘက်မုခ်အနီးသို့ သွားရောက်ခေါ်ဆောင်ခဲ့သည်။
အထက်ပါအလင်းဝင်ရောက်သူ အောင်ကိုဖြိုး(ခ)အောင်ကိုလွင်သည် ၂၀၂၁ ခုနှစ်၊မတ်လခန့်တွင် မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၊ဗောဓိကုန်းဘုရားအနီးရှိ ဘုန်းကြီးကျောင်းမှ ဆရာတော် ၁ပါး၏ ချိတ်ဆက်ပေးမှုဖြင့် ၎င်းအပါအဝင် ကျား ၉ဦးခန့်၊မ ၆ဦးခန့်၊စုစုပေါင်း ၁၅ဦးခန့်ဖြင့် အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊ဒုဌဝတီမြစ်ဘေးတွင် အကြမ်းဖက် PDF သင်တန်းနည်းပြ ကိုသော်နှင့်ကိုပိုင်တို့ထံ ကြံ့ခိုင်ရေးဘာသာရပ်နှင့်လက်နက်ငယ် စာတွေ့ဘာသာရပ်တို့အား ၅ရက်ခန့် တက်ရောက်သင်ကြား၍ နေအိမ်သို့ ပြန်လည်နေထိုင်ခဲ့ကြောင်း၊ အလင်းဝင်ရောက်သူ အောင်ကိုဖြိုး(ခ)အောင်ကိုလွင်အား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#PAN #PDF #အလင်းဝင် #မန္တလေး