(ပြည်တွင်း) မတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာ၊ အုန်းချော-ရွှေစာရံသွားလမ်းတွင် ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့နှင့် ဆက်သွယ်မှုရှိသူ တရားခံ ၅ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာ၊ အုန်းချော-ရွှေစာရံသွားလမ်းတွင် လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ လုံခြုံရေးဆောင်ရွက်နေစဉ် အုန်းချောဘက်မှ ရွှေစာရံဘက်သို့ မောင်းနှင်လာသည့် ၁၁ ယ/၄၅၅၇၃ နံပါတ်ပါ LUOJIA အမျိုးအစား၊ အစိမ်းရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ကျော်သူနိုင်၊ ၂၅ နှစ်၊(ဘ)ဦးစိုးဝင်း၊ ပေါက္ကရိုရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူမှာ ရှေ့မှမောင်းနှင်လာပြီး ကျော်သူအောင်၊ ၂၅ နှစ်၊ (ဘ)ဦးကျော်ဆန်းဦး၊ ပေါက္ကရိုရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူမှာ အလယ်နှင့် ခင်မောင်ထွေး၊ ၂၅ နှစ်၊ (ဘ)ဦးထွန်းမွှေး၊ အောင်မြေသာစံမြို့နယ်နေသူသည် နောက်ဆုံးမှလိုက်ပါလာသည်ကို တွေ့ရှိစစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းတို့ စီးနင်းလာသောဆိုင်ကယ်၊ ၎င်းတို့၏ခန္ဓာကိုယ်နှင့် လက်ကိုင်ဖုန်းများအား ရှာဖွေရာစစ်ဆေး ကျော်သူအောင်၏ VIVO V27e ခရမ်းရောင်၊ လက်ကိုင်ဖုန်း အတွင်းမှ AK-47 အမျိုးအစား၊ မောင်းပြန်ရိုင်ဖယ်သေနတ်ကိုင်ဆောင်၍ ဓာတ်ပုံရိုက်ထားသည့် ကျော်သူအောင်၏ မှတ်တမ်းဓာတ်ပုံ ၂ ပုံ၊ ကျော်သူအောင်မှ NLD တံဆိပ်ပါ Mask အား ဝတ်ဆင်ထားသည့် မှတ်တမ်းဓာတ်ပုံ ၂ ပုံတို့အားတွေ့ရှိရသဖြင့် ၎င်းတို့ ၃ ဦးအားထိန်းသိမ်း ထားရှိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လုံ ခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့စစ်ဆေးရေးဆက်လက်ဆောင်ရွက်ခဲ့ရာ ရွှေစာရံဘုရားဘက်မှ အုန်းချောဘက်သို့ မောင်းနှင်လာသည့် နံပါတ်မပါ CZI အမျိုးအစား၊ အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်စေပြီးစစ်ဆေးခဲ့ရာ ဆိုင်ကယ်မောင်းနှင်လာသူမှာ လွင်မိုး၊ ၂၄ နှစ်၊(ဘ)ဦးနိူင်ဝင်း၊ အုန်းချောကျေးရွာ၊ အမှတ်(၆)ရပ်ကွက်၊ ပုသိမ်ကြီးမြို့ နယ်နေသူဖြစ်ကြောင်းနှင့် နောက်မှလိုက်ပါလာသူမှာ ရန်မျိုးထွန်း၊ ၂၉ နှစ်၊ (ဘ)ဦးဝင်းမောင်၊ အုန်းချောကျေးရွာ၊ အမှတ်(၆)ရပ် ကွက်၊ ပုသိမ်ကြီးမြို့နယ်နေသူတို့ဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး ဆိုင်ကယ်နှင့်၎င်းတို့၏ ခန္ဓာကိုယ်အားရှာဖွေရာ ရန်မျိုးထွန်း၏ ဘောင်းဘီ ယာဘက်အိပ်ကပ်အတွင်းမှ ၇.၆၂ အမျိုးအစား ကျည် ၁ တောင့်အား တွေ့ရှိခဲ့ရကြောင်း သိရသည်။
အထက်ပါ တရားခံ ၅ ဦးတို့အား သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။


Telegram»…
https://t.me/positiveanglenews