(အားကစား) မတ် ၁၄

အာဆင်နယ်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှကစားသမား လေးဦးကို ထွက်ခွာခွင့်ပြုခဲ့ကြောင်း သိရပါတယ်။
အသင်းနဲ့ လာမည့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမည့် ဂျော်ဂျင်ဟို၊ တီယာနေး၊ သောမတ်ပါတေး နဲ့ ဇင်ချန်ကို တို့အား ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။
အဆိုပါကစားသမားလေးဦးတွင် သောမက်ပါတေး အနေနဲ့ ယခုဘောလုံးရာသီတွင် အသင်းကွင်းလယ်ပိုင်း၌ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်သော်လည်း နည်းပြ အာတီတာ က လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ၎င်းကို ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။
အလားတူ ဂျော်ဂျင်ဟို အနေနဲ့ အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးကာ လက်ရှိဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာရန် အတည်ပြုထားပြီး တီယာနေး ကလည်း ယခုဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးကာ အသင်းနဲ့လမ်းခွဲပြီး အသင်းဟောင်းဆဲလ်တစ်အသင်းသို့ ပြောင်းရွှေ့ကစားဖွယ်ရှိနေပါတယ်။
ဇက်ချန်ကို ကလည်း အသင်းနှင့်စာချုပ်သက်တမ်း တစ်ရာသီကျန်ရှိနေသေးပေမယ့် အာဆင်နယ်အသင်းက လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် စတာလင်ပေါင် ၁၇ သန်းရရှိလျှင် ရောင်းချမည် ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews