ပဲခူးတွင်မြန်မာ့ရိုးရာသနပ်ခါးအလှပြိုင်ပွဲနှင့်ရိုးရာသနပ်ခါးအလှပြိုင်ပွဲ ကျင်းပနေ

(ပြည်တွင်း) မတ် ၁၄

ပဲခူးတိုင်းဒေသကြီး ၊ ပဲခူးမြို့ ၊ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောဘုရား၏ ယာဥ်ရပ်နားဝန်း၌ မြန်မာ့ရိုးရာသနပ်ခါးအလှပြိုင်ပွဲနှင့်ရိုးရာသနပ်ခါးအလှပြိုင်ပွဲအားကျင်းပလျှက်ရှိကြောင်း သိရသည်။

အဆိုပါ “မြန်မာ့ရိုးရာသနပ်ခါးပြိုင်ပွဲ”အား မတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး နိုင်ငံကျော်အထင်ကရအနုပညာရှင်များ ၊ DJ အနုပညာရှင်များမှ ညစဥ်ဖျော်ဖြေလျှက်ရှိပြီး သရေခေတ္တရာခြင်းလုံးခတ်ပြိုင်ပွဲ ၊ မြန်မာ့ရိုးရာအမွေအနှစ်သနပ်ခါးအလှပြိုင်ပွဲများအားပြုလုပ်လျှက်ရှိကြောင်း သိရသည်။

အဆိုပါပွဲတော်သို့ ဒေသခံပြည်သူများ အေးချမ်းသာယာ ပျော်ရွှင်စွာပါဝင်ဆင်နွှဲလျှက်ရှိသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

#PAN #မြန်မာ့သနပ်ခါး #ပဲခူး