ဂျူဗင်တပ်အသင်းနည်းပြဟောင်း အယ်လီဂရီ ကို နည်းပြသစ်ခန့်အပ်ရန် အေစီမီလန်အသင်းပြင်ဆင်


(အားကစား) မတ် ၁၄

အေစီမီလန်အသင်းက ယခုနှစ် ဘောလုံးရာသီအကုန်တွင် ဥရောပဝင်ခွင့်နှင့် လွဲချော်ဖွယ်ရှိနေတဲ့အတွက် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် ပြင်ဆင်နေပြီး နည်းပြသစ်အဖြစ် ရေပန်းစားမှုတွင် ဂျူဗင်တပ်အသင်းနည်းပြ ဟောင်း အယ်လီဂရီ လည်း ပါဝင်လျက်ရှိကြောင်း သိရပါတယ်။

အေစီမီလန်အသင်းက ယခုနှစ်ဘောလုံးရာသီအစတွင် နည်းပြသစ်အဖြစ် ဖွန်ဆီကာ ကို ခန့်အပ်ခဲ့သော်လည်း အသင်းအနေဖြင့် ရလဒ်များဆိုးရွားခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ နည်းပြ ဖွန်ဆီကာ နဲ့လမ်းခွဲခဲ့ပြီး နည်းပြသစ်အဖြစ် ကွန်ဆီကာအို ကို ခန့်အပ်ခဲ့ပါတယ်။

နည်းပြ ကွန်ဆီကာအို လက်အောက်တွင် အသင်းရလဒ်များ တိုးတက်လာခြင်းမရှိခဲ့ဘဲ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးထွက်အဆင့်တွင် ဖီယင်နုအသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသကဲ့သို့ နောက်ဆုံး ကစားခဲ့သည့် ငါးပွဲတွင်လည်း တစ်ပွဲသာ နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါကြောင့် အေစီမီလန်အသင်းအနေနဲ့ စီးရီးအေတွင် အတွေ့အကြုံရှိတဲ့ နည်းပြတစ်ဦးကို ပြောင်းလဲခန့်အပ်ရန် ပြင်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN