(အားကစား) မတ် ၁၄

ချဲလ်ဆီးအသင်းက အေစီမီလန်အသင်းတောင်ပံကစားသမား ရာဖေးလီယာအို ကိုခေါ်ယူရန် စိတ်ဝင်စားလျက် ရှိနေကြောင်း သိရပါတယ်။
အသက် ၂၅ နှစ်အရွယ် ရာဖေးလီယာအို ဟာ အေစီမီလန်အသင်းနှင့်အတူ ၂ဝ၁၉-၂၀၂၀ မှ လက်ရှိဘောလုံး ရာသီအထိ ပြိုင်ပွဲစုံ ၂၄၉ ပွဲကစားပြီး ၆၈ ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် ချဲလ်ဆီးအသင်းက ခေါ်ယူရန် စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။
တောင်ပံကစားသမား ရာဖေးလီယာအို ကိုယ်တိုင်ကလည်း လက်ရှိအချိန်မှာ အေစီမီလန်အသင်း တာဝန်ရှိသူ များနှင့် အဆင်မပြေဖြစ်နေခဲ့လို့ အသင်းမှ ထွက်ခွာချင်နေတာဖြစ်ပါတယ်။
ဒါကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ လာမည့်နွေရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်း အေစီမီလန်အသင်းထံမှ ရာဖေးလီယာအို အား ခေါ်ယူသွားနိုင် မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews