အမျိုးသားပြတိုက်(ရန်ကုန်)ကို မတ်လ ၁၂ ရက်မှ ၁၇ ရက်ထိ ၆ ရက်ကြာပိတ်ထားမည်

(ပြည်တွင်း) မတ် ၁၃

အမျိုးသားပြတိုက်(ရန်ကုန်)ကို မတ်လ ၁၂ ရက်မှ ၁၇ ရက်အထိ ၆ ရက်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။

မြန်မာနိုင်ငံ၏ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအက်ဥပဒေအရ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်မှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၆ ရက်အထိ အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ထားရှိသဖြင့် အဆိုပါနေ့များတွင် အမျိုးသားပြတိုက်(ရန်ကုန်)ကို ပိတ်ထားမည်ဖြစ်ကြောင်း သိရပါတယ်။

ဒါ့အပြင် ၂၀၂၅ ခုနှစ် မတ်လ ၁၇ ရက်(တနင်္လာနေ့)ကလည်း ပြတိုက်ပိတ်ရက်ဖြစ်လို့ ပြည်တွင်း၊ ပြည်ပ ဧည့်သည်များသိရှိနိုင်စေရန် အသိပေးကြေညာထားကာ မတ်လ ၁၈ ရက်တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

#PAN #အမျိုးသားပြတိုက်(ရန်ကုန်)