(ပြည်တွင်း) မတ် ၁၃
ရွှေစာရံစေတီတော်မြတ်ကြီး၏ (၂၄) ကြိမ်မြောက် ဗုဒ္ဓဘိသေကအနေကဇာတင်ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ရွှေစာရံစေတီတော်မြတ်ကြီးရှိ သုဝဏ္ဏဘူမိသာသနာ့ဗိမာန်တော်တွင်ကျင်းပသည့် (၂၄)ကြိမ်မြောက် ဗုဒ္ဓဘိသေကအနေကဇာတင်ဗုဒ္ဓပူဇနိယပွဲတော် အခမ်းအနားအား မတ်လ ၁၃ ရက်နေ့ မနက် ၅ နာရီ ၁၅ မိနစ်အချိန်ခန့်မှ နံနက် ၇ နာရီအချိန်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ သထုံမြို့ နန်းခဲရပ်ကွက်၊ မြသပိတ်တောင်ခြေရှိ သတ္တမဇောတိကရာမ ကျောင်းတိုက် ပဓာန နာယက ဆရာတော် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဏိတဘဒ္ဒန္တ သုမနာဘိဝံသ ဆရာတော်ပါ သံဃာတော် (၄၅)ပါး၊
သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ သထုံခရိုင်ရဲတပ်ဖွဲ့ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်နိုင်၊ သထုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အတွင်းရှိ အလှူဒါယိကာ/ဒါယိကာမများ အပါအဝင် ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကြွရောက်လာကြသော သံဃာတော်များမှ ရွှေစာရံစေတီတော်မြတ်ကြီးအား ဘုရားအနေကဇာတင် ပူဇော်ခဲ့ကြပြီး ပရိတ်တရားတော်များ ရွက်ဖတ်ခြင်း၊ ဆရာတော်များအား အာရုဏ်ဆွမ်းများ ဆက်ကပ်လှူးဒါန်ခြင်း၊ ဆရာတော် သုမနာဘိဝံသဆရာတော် မှ အနုမောဒနာ ရေစက်ချတရားတော်ချီးမြင့်ခဲ့ပြီး ဘုရားအနေကဇာတင် အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုတ်သိမ်းခဲ့ပြီး ကြွရောက်လာသော သံဃာတော်များအား ရွှေစာရံဘုရားရင်ပြင်တော်တစ်လျှောက်၌ ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။