(မှုခင်း) မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် သဲစုရွာတွင်နေထိုင်သည့် PDF တပ်ဖွဲ့ဝင် ၂ ဦးကို ဒလန်ဒလျိုဟုခေါင်းစဉ်တပ်ကာ ခရိုင်PDFနှင့်ABSDF ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

ဖမ်းဆီးခံရသူများမှာ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁၆) PDF မှ ရဲဘော် သန့်ရှင်းနှင့် အရှည်ကြီးဆိုသူတို့ဖြစ်ကြောင်း သိရပြီး အဆိုပါPDF တပ်သား ၂ ဦးကို စစ်တပ်အတွင်းသတင်းပေးဒလန်ဖြစ်သည်ဟု အကြောင်းပြကာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ဖမ်းဆီးသွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
၎င်း PDF ရဲဘော် ၂ ဦးသည် တိုက်ပွဲများတွင် ထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားနေသူများဖြစ်ပြီး ယင်းမာပင်ခရိုင် PDFနှင့် ABSDF တို့၏ လုပ်ရပ်များကို အမြဲတစေ ဝေဖန်ထောက်ပြနေခြင်းကြောင့် ဒလန်ခေါင်းစဉ်တပ်ပြီး အခုလိုဖမ်းဆီခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး NUG အဖွဲ့ထံ တင်ပြထားသော်လည်း ယခုချိန်ထိ ထူးခြားမှုမရှိကြောင်း သတင်းအရင်းအမြစ်များမှပြောသည်။
ယင်းမာပင်မြို့နယ်တွင် သပြေအေးဘုန်းကြီးမှ အကြမ်းဖက် PDF ခေါင်းဆောင် ဗိုလ်သံမဏိအမည်ဖြင့် ဦးဆောင်းနေခြင်းဖြစ်ပြီး PDF ရဲဘော် ၂၁ ဦးကို သတ်ဖြတ်မှုနှင့် နာမည်ကြီးနေသူဖြစ်သကဲ့သို့ ၎င်းဗိုလ်သံမဏိထံမှ လက်နက်ဝယ်ယူပေးမည်ဟု CRPH ဥက္ကဌဖြစ်သူ ဦးအောင်ကြည်ညွန့်၏ သားမက်နှင့် သမီးဖြစ်သူက ကျပ်သိန်း ၃၀၀၀ ကျော်ကို လိမ်ယူသွားကြောင်း ၎င်းဗိုလ်သမဏိက သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ယကိစာမျက်နှာတွင် ထုတ်ဖော်ပြောဆိုထားကြောင်းလည်းသိရသည်။
#PAN #PDF #ယင်းမာပင်