မန္တလေးတွင် ဧည့်စာရင်းစစ်ဆေးခဲ့ရာမှ PDF တစ်ဦး ဖမ်းဆီးရမိ

(မှုခင်း) မတ် ၁၃

မန္တလေးမြို့တွင် နေအိမ်များအား ဧည့်စာရင်းစစ်ရာမှ PDF အကြမ်းဖက်တစ်ဦးအားဖမ်းဆိးရမိခဲ့ကြောင်း လုံခြုံရေးနှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်(က)ရပ်ကွက်၊၁၁၄×၁၁၅ လမ်းကြား၊၆၄×၆၄(အေ) လမ်း ကြားရှိ နေအိမ်များအား  သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ဧည့်စာရင်းစစ်ဆေးခဲ့ရာမှ အကြမ်းဖက် PDF သင်တန်းတက်ရောက်ပြီးသူ တစ်ဦး ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၁၁ ရက်နေ့ ည ၉နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ (က)ရပ်ကွက်ရှိ နေအိမ်များအား ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခဲ့ရာ  အိမ်အမှတ် – —-(အေ)လမ်း၊ ၁၁၄×၁၁၅ လမ်း ကြား၊ (က)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ အာကာကျော်၊၂၃နှစ်၊ ၊ကျောင်းသား(စတုတ္တနှစ်)မန္တလေးတက္ကသိုလ်မှာ အကြမ်းဖက် PDF သင်တန်းတက်ရောက်ပြီးသူဖြစ်ကြောင်း သိရသဖြင့် ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာမှ ဆက် လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN #PDF #မန္တလေး #ဧည့်စာရင်း