(အားကစား) မတ် ၁၃
ပရီးမီးယားလိဂ်ကလပ်အသင်းများဖြစ်တဲ့ ဝက်စ်ဟမ်း၊ ဝုဖ် နဲ့ အဲဗာတန်အသင်းတို့က ရိုးမားအသင်း တိုက်စစ်ကစားသမား အေဘရာဟမ် အား ခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိ တိုက်စစ်ကစားသမား အေဘရာဟမ် ဟာ ယခုနှစ်ဘောလုံးရာသီမှာ ရိုးမားအသင်းမှ အေစီမီလန်အသင်းသို့ အငှားသွားရောက်ကစားပြီး ပြိုင်ပွဲစုံ ၃၅ ပွဲကစားကာ ၈ ဂိုးသွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့လို့ ပရီးမီးယားလိဂ်ကလပ်အသင်းများက အပြိုင်စိတ်ဝင်စားလာခြင်းဖြစ်ပါတယ်။
ရိုးမားအသင်းကလည်း အေဘရာဟမ် အတွက် သင့်တင့်တဲ့ပြောင်းရွှေ့ကြေး ရရှိပါက ရောင်းချသွားဖွယ် ရှိနေပါတယ်။
#PAN #အားကစား #ပရီးမီးယားလိဂ်