ရုရှားသမ္မတပူတင် က ဘီလာရုစ်နိုင်ငံအတွက် လုံခြုံရေးအာမခံသဘောတူညီချက် လက်မှတ်ရေးထိုး

(နိုင်ငံတကာ) မတ် ၁၂

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင် က ဘီလာရုစ်နိုင်ငံကို ကာကွယ်ပေးနိုင်မည့် လုံခြုံရေးအာမခံချက်များ ပါဝင်တဲ့ နျူကလီးယားကာကွယ်ရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဥပဒေသစ်အရ မော်စကို သည် မင့်စ်ကို တိုက်ခိုက်ခံရပါက နျူကလီးယားကာကွယ်ရေး ပံ့ပိုးပေးမည်ဖြစ်သည်။

 ရုရှားသမ္မတ ပူတင် သည် ဘီလာရုစ်နိုင်ငံနှင့် လုံခြုံရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုနိုင်ငံအတွင်း နှစ်နိုင်ငံကြား စစ်ရေးဆက်ဆံမှုကို အားကောင်းစေကာ Minsk နဲ့ မော်စကို တို့၏ နျူကလီးယားတားဆီးရေးဗျူဟာတွင် ပေါင်းစည်းခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလက ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် ကျင်းပခဲ့သည့် အဆင့်မြင့်အစည်းအဝေးတွင် ချမှတ်ခဲ့တဲ့ သဘောတူညီချက်များကို ပြီးခဲ့တဲ့ မတ်လ ၇ ရက် သောကြာနေ့တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင် က တရားဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

 အဆိုပါစာချုပ်အရ နှစ်နိုင်ငံစလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရန် ကတိပြုထားသည်။ ရန်စထိပါးမှုများ ရှိလာသောအခါတွင် ဘီလာရုစ်နိုင်ငံကို ကာကွယ်ရန်အတွက် ရုရှားနျူကလီးယားလက်နက်များကို အသုံးပြုရန်လည်း ခွင့်ပြုထားသည်။

 လက်ရှိ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ယခုသဘောတူညီချက်သည် အရေးကြီးကြောင်း ရုရှား အထက်လွှတ်တော်အမတ် Valentina Matvienko က ပြောကြားခဲ့သည်။

ရုရှားနိုင်ငံအပေါ် တစ်ဖက်သတ်ဒဏ်ခတ်ပိတ်ဆို့မှုများကို ဆန့်ကျင်သည့် ပြဋ္ဌာန်းချက်များပါဝင်သည့် စာချုပ်သည် အလိုအလျောက် သက်တမ်းတိုးခြင်းများဖြင့် ဆယ်နှစ်အထိ ကြာမြင့်မည်ဖြစ်သည်။

အဓိက ပြဋ္ဌာန်းချက်တစ်ခုက ရုရှား၏ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို ဘီလာရုစ်တွင် ဖြန့်ကျက်ခွင့် ပြုထားသည်။

 ရုရှားသည် ၎င်းတို့၏ ပြည်ထောင်စုနိုင်ငံတော် ပူးပေါင်းဆောင်ရွက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံအတွင်း ပဲ့ထိန်းဒုံးကျည်များကို ဖြန့်ကျက်ချထားပြီးဖြစ်သည်။

သဘောတူညီချက်အရ ဘီလာရုစ်သည် လိုအပ်သည်ဟုယူဆပါက ၎င်းတို့၏အသုံးပြုမှုကို တောင်းဆို နိုင်မည်ဖြစ်သည်။ ရုရှား၏ နျူကလီးယားလက်နက်တိုက်အား ခြိမ်းခြောက်မှုများကို အဟန့်အတားဖြစ်စေသည်ဟု နှစ်နိုင်ငံစလုံးကယူဆကြပြီး ယခုနည်းလမ်းအား နောက်ဆုံးနည်းလမ်းအဖြစ်သာ အသုံးပြုကြမည်ဖြစ်သည်။

 စာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ဘီလာရုသမ္မတ Alexander Lukashenko က ရုရှားနိုင်ငံ Oreshnik တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်များကို ဖြန့်ကျက်ချထားပေးရန် တောင်းဆိုခဲ့သည်။ အသံထက်မြန်သည့် အဆင့်ပါရှိသော ဒုံးကျည်စနစ်သစ်များသည် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် Belarus တွင် ဖြန့်ကျက်နိုင်မည်ဟု ပူတင် က ဆိုသည်။ Oreshnik ကို ပြီးခဲ့သည့်နှစ်တွင် ထုတ်ဖော်ပြသခဲ့ပြီး ယူကရိန်းတွင် စမ်းသပ်ခဲ့ရာ ၎င်းအား နိုဝင်ဘာလတွင် Dnepr ရှိ Yuzhmash စစ်ဘက်စက်မှုဇုန်ကို တိုက်ခိုက်ရန်အတွက် အသုံးပြုခဲ့သည်။ အထူးသဖြင့် ဘီလာရုစ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော EU နိုင်ငံများမှ ရန်စမှုများကြောင့် “အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အကာအကွယ်ပေးမည်” ဟု အကြီးတန်းအမတ် Vyacheslav Volodin က ပြောကြားခဲ့သည်။

 ရုရှားနှင့် ဘီလာရုစ်တို့သည် တပ်ဖွဲ့ဝင် ၁၃,၀၀၀ ကျော်ပါဝင်သည့် Zapad 2025 ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာလတွင် ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဥရောပရှိ လုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OSCE) ကို လေ့လာရန်ဖိတ်ကြားထားသည်။ ဘီလာရုစ်သမ္မတ လူကာရှန်ကို သည် ရုရှားအား စစ်ရေးအရစစ်ဆင်ရေးအတွက် ဘီလာရုစ်နယ်မြေကို အသုံးပြုရန်နှင့် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များထားရှိရန် ခွင့်ပြုထားသည်။

NATO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် ပိုလန်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေသည့် ဘီလာရုစ်တွင် ရုရှားစစ်တပ်ထူထောင်မှုသည် တိုက်ခိုက်မှုအတွက် စင်မြင့်ဖြစ်နိုင်သည်ဟု ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလင်စကီးက ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

စက်တင်ဘာလတွင် ပူတင် သည် နျူကလီးယား တားဆီးကာကွယ်ရေးနယ်မြေတွင် ရုရှားဖက်ဒရေးရှင်း၏ အခြေခံအုတ်မြစ်များဆိုင်ရာ နိုင်ငံတော်မူဝါဒကို နောက်ဆုံးသတင်းထုတ်ပြန်ခဲ့သည်။

 အချို့သောအခြေအနေများ အောက်တွင် မော်စကိုသည် နျူကလီးယားလက်နက်အသုံးပြုခြင်းအတွက် မျှတမှုအဖြစ် ရုရှားနှင့်ဆန့်ကျင်သော စစ်ပွဲကို ထည့်သွင်းစဉ်းစားနိုင်သည်ဟု ပြန်လည်ပြင်ဆင်ထားသည့်စာတမ်းတွင် ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2025/03/12/စားအုန်းဆီ-အခြေခံလက်ကာ-17/

Telegram Join ရန် – http://t.me/positiveanglenews

#PAN #ရုရှား  #ဘယ်လာရုစ် #လုံခြုံရေးအာမခံသဘောတူညီချက် #NAYTOE