(နိုင်ငံတကာ) မတ်လ ၁၀

ဆန္ဒပြသပိတ်မှောက်မှုများကြောင့် ဂျာမဏီနိုင်ငံတလွှား လေယာဉ် ခရီးစဉ်များ ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
ဂျာမဏီအလုပ်သမားသပိတ်သည် နိုင်ငံတစ်ဝှမ်း ဆန္ဒပြ သပိတ်မှောက်ရန် ရည်ရွယ်ထားပြီး လေဆိပ်ပေါင်း ၁၃ ခုတွင် ပိတ်ဆို့ သပိတ်မှောက်ရန် စီစဉ်ထားသည်။
ရုန်းရင်းဆန်ခတ်မှုများကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၂၈၀ အနက် ခရီးစဉ် ၁၀ ခုသာပြေးဆွဲနိုင်ခဲ့ပြီး ခရီးသည် သောင်းနှင့်ချီ ခရီးစဉ်နှောင့်နှေးခဲ့သည်။
လေဆိပ်တာဝန်ရှိသူတစ်ဦးက သပိတ်အဖွဲ့တွေရဲ့ လုပ်ရပ်က လွန်ပါတယ် ခရီးသွားရာသီအစမှာ ခရီးသည်သောင်းနဲ့ချီ လေဆိပ်မှာ သောင်တင်နေရပါတယ်။ အလုပ်သမားတွေရဲ့ ညှိနှိုင်းမှုတွေ အငြင်းပွားမှုတွေက ခရီးသွားတွေနဲ့ မသက်ဆိုင်ဘူးထင်ပါတယ် ဟု ၎င်းကဆိုသည်။
Telegram»…
https://t.me/positiveanglenews