(ပြည်တွင်း) မတ် ၁၀
၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရရှိထားတဲ့ ဇာတ်ကား ၆ ကားကို ရုံဝင်ကြေးပေးကာ ဝင်ရောက်ကြည့်ရှု့နိုင်မယ့် မြန်မာ့ရုပ်ရှင်ရက်သတ္တပတ်ဖွင့်ပွဲအခမ်းအနားကို မတ်လ ၉ ရက်(ယနေ့)နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ်၊ မိုးကောင်း လမ်းရှိ၊ မြဝတီမီဒီယာစင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အခုလို မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရရှိထားတဲ့ဇတ်ကားတွေကို ပြန်လည်ပြသတာဟာ ပထမဦးဆုံးအကြိမ်အဖြစ်တယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဇာတ်ကား ၆ ကားကို မြဝတီမီဒီယာစင်တာမှာရှိတဲ့ STAR Cinema မှာ မတ်လ ၉ ရက်မှ ၂၉ ရက်အထိ ပြန်လည်ပြသသွားမှာဖြစ်ပြီး မတ်လ ၉ ရက်မှ ၁၁ ရက်အထိ ‘ဘိုးတော်ကင်း’၊ မတ်လ ၁၃ ရက်မှ ၁၅ ရက်အထိ ‘ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်’၊ မတ်လ ၁၆ ရက်မှ ၁၈ ရက်အထိ ‘မီး’၊ မတ်လ ၂၀ ရက်မှ ၂၂ ရက်အထိ ‘နှောင်’၊ မတ်လ ၂၃ ရက်မှ ၂၅ ရက်အထိ ‘အိပ်မက်ကာရန်’နှင့် မတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ ‘တိမ်ပန်းချီ’ ဇာတ်ကားတို့ကို နေ့စဉ် မွန်းလွဲ ၁ နာရီနှင့် ညနေ ၄ နာရီတို့မှာ ပွဲချိန် ၂ ချိန်စီ ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရုံဝင်ကြေးအဖြစ် ငွေကျပ် ၁၀,၀၀၀ နဲ့ ၅၀၀၀ ဆိုပြီးသတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။
#PAN #အကယ်ဒမီ #ရုပ်ရှင်