(နိုင်ငံတကာ) မတ်လ ၁၀

ဆီးရီးယားနိုင်ငံတွင် ကြားကာလ သူပုန်အစိုးရသစ္စာခံ လက်နက်ကိုင်များ လူသတ်ပွဲကျင်းပနေကြောင်း အနောက်နိုင်ငံမခြေစိုက်မီဒီယာများ ဖော်ပြလျက်ရှိသည်။
လက်နက်ကိုင်များသည် တိုင်းပြည်ကို သန့်စင်သည်ဟုဆိုကာ ယခင်အာဆက်အစိုးရ လက်အောက်ခံခဲ့သူများနှင့် Alawite ဘာသာဝင် ရာပေါင်းများစွာအား မြို့လယ်ခေါင်တွင် ဖမ်းဆီးသတ်ဖြတ်နေသည်။
ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်သည့် SNHR အဖွဲ့က အစိုးရ သူပုန်အစိုးရသစ္စာခံအဖွဲ့များသည် ကလေး လူကြီး ပေါင်း ၆၅၀ နီးပါးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
အကြမ်းဖက်သတ်ဖြတ်သူများသည် ဒေသခံများအား တစ်အိမ်တက် တစ်အိမ်ဆင်းပုံစံဖြင့် ဖမ်းဆီးကာ သတ်ဖြတ်ခြင်း ရုပ်သံမှတ်တမ်းတင်ကာ နှိပ်စက်သတ်ဖြတ်ခြင်းများအား ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေသည်။
ဆီးရီးယားပြည်သူအချို့က “သူတို့ ဂျီဟတ်ကြေညာတယ်” အခြားတစ်ဦးကလည်း “ အသက် ၇၀ အရွယ် သမိုင်းပါမောက္ခ တစ်ဦးနှင့် ဇနီးဖြစ်သူတို့ နေအိမ်မှာ သွေးအေးအေးနဲ့အသတ်ခံခဲ့ရတယ်”ဟုဆိုသည်။
လက်နက်ကိုင်အဖွဲ့တစ်ခု၏ ရုပ်သံမှတ်တမ်းတွင် “Alawites တို့ မင်းအပါအဝင် မင်းတို့ ဆွေးမျိုးမိဘတွေကို သတ်ဖို့ ငါတို့လာနေပြီ ဟု ကြိမ်းဝါးထားသည်။
Telegram»…
https://t.me/positiveanglenews