
(ဆောင်းပါးကဏ္ဍ) မတ် ၅
ချစ်နိုင်(စိတ်ပညာ)
သမိုင်းစဉ်တစ်လျှောက် နိုင်ငံများ၏ ဖြစ်ပေါ်ပြောင်းလဲမှု ခေတ်စနစ်များ အဆင့်ဆင့်ပြောင်းလဲမှုတွင် နိုင်ငံရေးအင်အားစု အားကောင်းခြင်းသည်အရေးကြီးကြောင်း တွေ့ရသည်။ နိုင်ငံရေး စွမ်းအားတွင် အင်အားနှစ်မျိုး ရှိလေသည်။
စည်းရုံးရေးနှင့် စစ်ရေးနည်းတို့ဖြစ်သည်။
(၁) Soft Powerစည်းရုံး သိမ်းသွင်းဆွဲဆောင်ခြင်းပါဝါအပျော့နည်း။
(၂) Hard Power စစ်ရေးနည်း၊ အင်အား
အသုံးပြုအနိုင်ယူနည်း။ ပါဝါအမာနည်း။
(၃) Smart Power သစ်လွင်ခေတ်မီသော ပါဝါ
နည်း။
နှစ်ဖက်ရင်ဆိုင်အားပြိုင်ကြရင်းပင် အမေရိကန်က ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုအား အနိုင်ယူ၍ စစ်အေးတိုက်ပွဲအဆုံးသတ်သွားနိုင်သည်မှာ သတင်းမီဒီယာလွှမ်းမိုးမှုမှိုင်းတိုက် ဖြိုခွဲလိုက်ခြင်း နည်းအားဖြင့် အသုံးချခဲ့ခြင်းဖြစ်၏။ မျက်မှောက်ခေတ်တွင် အွန်လိုင်းမီဒီယာတွင်ကျယ်စွာအသုံးပြုနေချိန်ဖြစ်၍ မိမိတို့သည်လည်း ဤနည်းလမ်းများအားလုံးကိုသိရှိတတ် ကျွမ်းသင့်ကြပေသည်။
လူအများနှင့်ဆက်ဆံသည်ဖြစ်စေ၊ လူတစ်ဦးချင်းစီနှင့်ထိတွေ့ရသည်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းကုမ္ပဏီဝန်ထမ်းပါတီစည်းရုံးရေးမှူးစသည်တို့သည် လူအများနှင့် ပြေပြစ်စွာဆက်ဆံနည်းကိုသိရှိ၍ ကျင့်သုံးမှသာ လျှင် မိမိရည်ရွယ်ချက်နှင့်ဘဝတိုးတက်အောင်မြင်မှုကိုရကြမည်ဖြစ်ပေသည်။
မည်သည့်လူမျိုး၊ ဘာသာ၊ အယူအဆ၊ ပါတီမူဝါဒ၊ ကျားမ၊ အသက်အရွယ်၊ မြို့နှင့်တောရွာနေထိုင်ရာဒေသ၊ တောင်ပေါ်မြေပြန့် အသက်မွေးဝမ်းကျောင်း အလုပ်စသည်တို့ မည်သို့ပင် ကွဲပြားခြားနားကြစေကာမူ၊ ကျွန်ုပ်တို့မှာ မတူတာလည်း ရှိမည်။ တူတာလည်းရှိကြမည်။ ဤအချက်ကို အလေးထား၍ စဉ်းစားတတ်ရပါမည်။ တူရာအတွက် လက်တွဲတတ်ကြရမည်။
ကျွန်ုပ်တို့မှာ ဤနိုင်ငံသားများသာဖြစ်ကြသည့်အလျောက် နိုင်ငံသားတစ်ယောက်မှာ လုပ်ဆောင်ရမည့် တာဝန်များ၊ ကျေပွန်ရမည့်ဝတ္တရားများကိုကား မဖြစ်မနေ လိုက်နာဆောင်ရွက်ကြရပေလိမ့်မည်။ ဥပမာ-
(၁) လွတ်လပ်ရေးနှင့်အချုပ် အခြာအာဏာ
ကာကွယ်ရေး ၊
(၂) နယ်မြေတည်တံ့ခိုင်မြဲရေး ၊
(၃) တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ၊
(၄) ပြည်ထောင်စုမပြိုကွဲရေး ၊
(၅) အေးချမ်းသာယာရေး၊ လုံခြုံရေး ၊
(၆) ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ၊
(၇) ပြည်သူတို့၏ လူနေမှုဘဝမြင့်မားရေးသည်
စသည်စသည်…
ဘယ်သူခွဲခွဲ သွေးမကွဲ၊ အမြဲ စည်းလုံးမည်။ စည်း လုံးပါက အင်အားရ၊ ပကတိအမှန်တရားကို ပွင့်လင်းစွာဖော်ပြရလျှင် ဆယ်စုနှစ် အနည်းငယ်အတွင်းတွင် အိမ်နီးချင်းဘေးနံ နိုင်ငံများသည် မိမိတို့နိုင်ငံထက် စိုက်ပျိုး၊ စက်မှု၊ ကုန်ထုတ်၊ ကုန်သွယ်ဝန်ဆောင်မှုများ ပိုမိုတိုးတက်ကောင်း မွန်သွားကြသည်ကို မြင်တွေ့ကြရသည်။ မိမိတို့အဆင့်နိမ့်ကျ မကျန်ရစ်ခဲ့ရအောင် စည်းလုံးညီညွတ်စွာ နိုင်ငံတော်၏တစ်ခုတည်းသော အလံတော်အောက်ဝယ် ကြိုးစားလုပ်ဆောင်ကြရပေလိမ့်မည်။ အချင်းချင်းမှာ ဆက်ဆံရေး၊ အရည် အသွေးပိုကောင်းလျှင်အကျိုးထူးကြမည်။
လူတစ်ယောက်အစွမ်းကုန်အလုပ်လုပ်လာအောင် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများမှာ ထိုသူအား စိတ်ဝင်စားစွာ အသိအမှတ်ပြုခြင်း၊ချီးကျူးခြင်းနှင့် အားပေးအားမြှောက်ပြုခြင်းပင်ဖြစ်ပေသည်။ အဆင့် ဆင့်သော ဝန်ထမ်းတိုင်းကို လုပ်ချင်ကိုင်ချင်စိတ်အားထက်သန်တက်ကြွနေရန်ဆွဲဆောင်နိုင်ရမည်။ လုပ်ငန်း ခွင်မှာကျွမ်းကျင်ထိရောက်စွာ လုပ်တတ်ကိုင်တတ်ရှိရန်သင်ကြားလေ့ကျင့်နေရမည်။ မည်သို့ဆွဲဆောင်ရမည်နည်း။
(၁) အသိအမှတ် ပြုပေးပါ။ ဂရုစိုက်တာ ခံချင်
ကြပါ၏။
(၂) ချီးကျူးပါ။ စိတ်လို လက်ရချီးကျူးပါ။(၃) အား ပေးပါ။ စိတ်ပါလက်ပါ ထိတွေ့အားပေးပါ။
(၄) လေးစား ခင်မင်မှုကိုပြပါ။ ရင်းနှီးဆက်နွယ်မှုအရေးပါ၏။
(၅) ခေါ်လျှင်လာချင်အောင် ခေါ်တတ်ပါစေ။(၆) ခိုင်းလျှင် လုပ်ချင်အောင် ခိုင်းတတ်ပါစေ။(၇) တောင်းလျှင် ပေးချင်အောင် (အကြည်အသာ)တောင်းပါ။
(၈) ရောင်းလျှင် ဝယ်ချင်အောင် ရောင်းတတ်ပါစေ။
(၉) ခေါင်းဆောင်သူက စံနမူနာပြလျက် ဦးဆောင်ပါလေ။
“အကယ်၍သာ ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့”ဟုဆိုလျှင် ဘယ်သူကမှ လေးစားလိုက်နာ စိတ် ပါမည် မဟုတ်ပါ။
လွန်ခဲ့သောနှစ် ၁၀၀ ကာလဆီမှာ အမေရိကန်ပြည်ထောင်စုတွင် တစ်လလျှင် ဒေါ်လာ ၂ဝဝ လခရပါက လူတစ်ယောက်စားဝတ်နေရေးလုံလောက်ပေသည်။ မိသားစုအနည်းငယ်ကိုပင် ဝလင်အောင်ကျွေး မွေးနိုင်သေး၏။ ထိုအခြေအနေ အချိန်ကာလတွင် လူတစ်ယောက်ကို လုပ်ငန်းအလွန်ကြီးမားသောကုမ္ပဏီကြီးတစ်ခုက တစ်နှစ်စာလခ ဒေါ်လာတစ်သန်းပေး၍ အလု အယက်ငှားခဲ့လေသည်။ သူ့အမည်မှာ ချားလ်ရွှပ်ဇ်ဖြစ်၏။ မစ်စတာချားလ်ရွှပ်ဇ်ကို ဤမျှလစာ
ပေး၍ ငှားရမ်းသူမှာ ကမ္ဘာကျော်သံမဏိသူဌေးကြီး အင်ဒရူးကာနက်ဂျီဖြစ်၏။ သံမဏိကုမ္ပဏီကြီးက ထိုကုမ္ပဏီကြီး၏ ဥက္ကဋ္ဌချယ်ယာမင်တာဝန်ရာထူးပေး၍ ငှားခဲ့ခြင်းပင်။ အမှန်တကယ်ဖြစ်ခဲ့ရှိခဲ့သော သက်ရှိထင်ရှားပုဂ္ဂိုလ်များဖြစ်ပါ၏။ မစ္စတာချားလ်ရွှပ်ဇ်က ဘာတော်လို့ပါလိမ့်။ အင်ဂျင်နီယာလည်းမဟုတ်ပါ။ စီးပွားရေးပညာရှင်၊ ငွေစာရင်းကျွမ်းကျင်သူလည်း မဟုတ်ပါ။ ထိုခေတ်က မြို့တော်ဝန်၊ ဆီးနိတ်လွှတ် တော်အမတ်၊နိုင်ငံရေးခေါင်းဆောင်လည်းဘာမှမဟုတ်ပါ။ လူတကာထက်သူကဘယ်အရာမှာများ သာနေလို့လဲ။ ဘာတော်တာလဲဆိုရာလျှင် “လူအများနှင့်ပြေပြစ်စွာ ဆက်ဆံတတ်ခြင်း” အရာတွင် ဖြစ်လေတော့သည်။
ထင်ရှားကျော်ကြားသောစာရေးဆရာ တစ်ဦး ကသံမဏိကုမ္ပဏီဥက္ကဋ္ဌဖြစ်နေသူ ချားလ်ရွှပ်ဇ်ကိုမေးဖူးသည့် “လူတွေအများနဲ့ ပြေပြေလည်လည် ဘယ်လိုဆက်ဆံသလဲ။
“ကျွန်တော်က ဝန်ထမ်းတွေ စိတ်ပါလက်ပါ အလုပ်လုပ်ချင်လာအောင် လုပ်ပေးနိုင်တဲ့စွမ်းအားဟာ ကျွန်တော့်မှာ ပိုင်ဆိုင်သမျှ အရည် အချင်းတွေထဲမှာ အကောင်းဆုံးပဲထင်ပါတယ်။”
လူတစ်ယောက်အစွမ်းကုန်အလုပ်လုပ်လာအောင်ဆောင်ရွက်ပေးနိုင်တဲ့နည်းလမ်းမှာ (၁) အသိအမှတ် ပြုခြင်း၊ (၂) ချီးကျူးခြင်းနှင့် (၃) အားပေးခြင်းတို့ပဲဖြစ်ပါတယ်။ အထက်လူကြီးရဲ့ ကဲ့ရဲ့ခြင်းကို အပြစ် တင်ခြင်းကို ဝန်ထမ်းတွေက စက်ဆုပ်ရွံမုန်းကြပါတယ်။ မကြိုက်ပါဘူး။ ဒါ့ကြောင့် ဘယ်တော့မှလူတွေကို မဝေဖန်ပါဘူး။ အပြစ်မတင်ပါဘူး။ ကျွန်တော်သဘောကျတာတွေ့ရင် စိတ်ပါလက်ပါ ချီးကျူးပါတယ်။ အားရ ပါးရ ထောက်ခံအားပေးတယ်”။ ဒေါ်လာတစ်သန်းတန်သော နည်းနာပညာ တစ်ရပ်ကို ယနေ့စာဖတ်သူသည် ကံကောင်းထောက်မစွာ ဘဝတစ်ခုလုံးကို ပြောင်းပြန်လှန်၍ ပြောင်းလဲပစ်လိုက်ဘိသကဲ့သို့ လက်ဝယ်ပိုင်စွာ သိမြင်ရရှိလိုက်ပါပြီ။ နည်းနိသယျက များများစားစား မဟုတ်
(၁) ပထမဦးဆုံးလူတွေအပေါ် ရှုမြင်ရာတွင်
အပြုသဘောအမြင်ရှိရပေမည်။မညစ်ပါ
နှင့်။ မရစ်ပါနှင့်။ မကျစ်ပါနှင့်။ သူတစ်ပါး
အားနည်းချက်၊ အပြစ်၊ ချွတ်ယွင်းချက်ကို
မရှာပါနှင့်။ မနှိမ်ပါနှင့်၊ လူရှေ့သူရှေ့မဆူပါ
နှင့်။ မေတ္တာရှေ့ထား၍ ကောင်းစေလိုသော
သဘောထားနှင့် လူအများအပေါ်ဆက်ဆံ
ပြုမှုပါ။
(၂) အထက်လူဖြစ်စေ၊ အောက်လူဖြစ်စေ
ဘယ်သူ့ကိုအပြစ်တင်၊ ငြူစူ၊ မုန်းတီး၊
အခဲမကျေ၊ ခံစားမှုမရှိပါလေနှင့်။ ခေါင်းထဲ
မှာအမှိုက်တွေထည့်ထားပြီး အမှိုက်စော်နံ
နေတတ်ပါသည်။ သန့်ရှင်းပစ်လိုက်ပါ။
အစစအရာရာမှာ မေတ္တာပါမှ အဆင်
ပြေ၏။
(၃) အပြစ်တင်စကားသည်ဆိုးကျိုးကိုသာ ဖြစ်
စေ၍ ဝန်ထမ်းအချင်းချင်းအပေါ်သာမက
ကလေးသူငယ်မှအစ ခွေး၊ ကြောင်၊ ဆင်၊
မြင်း၊ ကျွဲ၊ နွား၊ စစ်သား၊ တိရိစ္ဆာန်များ
အားလုံးကိုပါ မငေါက်ပါလေနှင့်။ ဆူပူ
ဆဲရေးမာန်မဲခြင်းမပြုပါနှင့်။ (ပြုသူက
မိုက်မဲရာကျပါ၏။ )ချိုသော စကားကို
အားလုံးက ကြိုက်ပါ၏။
(၄) စည်းကမ်းရှိပါ။ ကျင့်ဝတ်လိုက်နာပါ။
တာဝန်ကိုလေးစားပါ။ လူတွေက ကိုယ်တိုင်
ကသာ စည်းကမ်းမရှိချင် မရှိမည်။ စည်း
ကမ်းရှိသူကိုသာ သူက ရိုသေချင်သည်။
ကြိုက်သည်။ လိုက်နာချင်ပါသည်။ ခေါင်း
ဆောင်ကောင်းအနေနှင့် ကောင်းမွန်သော
အရည်အသွေးလက္ခဏာများကို ရှေ့ကစံန
မူနာပြပါ။
(၅) လူတွေဘာ ကြိုက်ကြသလဲ၊ လူတွေ
ကြိုက်အောင်လုပ်ရန် –
(က) လူတွေက စည်းကမ်းကောင်းသူကို
ကြိုက်၏။
( ခ) စည်းစနစ်ရှိသူကို လေးစား၏။ စည်း
စနစ်ရှိပါ။
( ဂ ) အပြောအဆို ယဉ်ကျေးချိုသာခြင်း
(ဃ) အဝတ်အစား သပ်ရပ်သန့်ရှင်းခြင်း
( င ) သူတစ်ပါးကို စာနာကြင်နာ သနား
လည်တတ်ခြင်း
( စ ) သူတစ်ပါးကို ကူညီအားပေးတတ်ခြင်း
(ဆ) ပေးကမ်းထောက်ပံ့ ရက်ရောခြင်း
( ဇ ) သူတစ်ပါးကို လေးစားစွာဆက်ဆံခြင်း
( ဈ ) ပြုံးရွှင်ကြည်လင်ခြင်း
( ည) အများအကျိုးကို ဆောင်လိုစိတ်ရှိခြင်း
(၆) လူတွေဘာမကြိုက်ဘူးလဲ။ ရှောင်ရပေ
မည်-
(က)ဒေါသကြီးခြင်း၊ ရန်လိုခြင်း
( ခ ) မောက်မာရိုင်းစိုင်းခြင်း
( ဂ ) လိမ်ညာ၊ လှည့်စားခြင်း
(ဃ) တစ်ကိုယ်ကောင်းဆန်ခြင်း
( င ) အသေးအဖွဲ ဇီဇာကြောင်ခြင်း
( စ ) အပြစ်ရှာ၊အပြစ်တင်၊ အတင်းပြော
ခြင်း
(ဆ) သူတစ်ပါးကို ချောက်တွန်းချောက်ချ
ခြင်း
( ဇ ) သူတစ်ပါး ကောင်းစားမှ မနာလို
တတ်ခြင်း
( စျ ) အပျင်းထူ၊ အလုပ်မလေးစားခြင်း
( ည) မျက်နှာအောက်သိုး၊ စူပုပ်ခြင်း
စာဖတ်သူလည်း အကြိမ်ကြိမ်ဖတ်
ဖူးမှတ်ဖူးပြီးသားဖြစ်ကောင်းဖြစ်နိုင်
ပါသည်။ လွန်ခဲ့သော နှစ်ကာလဆ
က ဒေးလ်ကားနက်ဂျီရေးခဲ့ပြီး ဦးနု
ဘာသာပြန်ခဲ့သော မိတ္တဗလဋီကာ
ခေါ် How To Win Friends and
Influence The People စာအုပ်ထဲ
မှ အနှစ်ချုပ်ကို တင် ပြပါရစေ။
ကြီးမားတိုးတက်ပြောင်းလဲမှုများ
လက်တွေ့ရပေမည်။
(၁) လူတွေကို အမှန်တကယ် စိတ်ဝင်
စားပါ။(တစ်ဦးချင်း၏ အကြိုက်
မကြိုက်တို့ကို စူးစမ်းမှတ်သား
ထားပါ။သူကြိုက်တာနှင့် ဆက်
နွယ်ပါ)
(၂) ပြုံးပါ၊ ပြုံးခြင်း၏ စွမ်းအားက
ထက်ဝက်မက အောင်မြင်ချော
မောစေပါသည်။
(၃) စကားပြောလျှင် နာမည်ခေါ်ပြီး
ပြောဆိုပါ။ သူ့နာမည်ကို ကြားရ
လျှင် မည်သူမဆို ကျေနပ်၏။(၄) တစ်ဖက်သား စကားပြောနေစဉ်
မှာ သေချာစွာ အာရုံစူးစိုက်၍
နားထောင်ပါ။ သူ့မျက်နှာကို
ကြည့်နေပါ။ များများသူပြောပါ
စေ။
(၅) တစ်ဖက်သားစိတ်ဝင် တစားရှိ
သောအကြောင်းအချက်ကို အစ
ပျိုး၍ ဆက်လက်ပြောချင်
အောင် ဆွဲဆောင်စည်းရုံးပါ။
ကောင်းသောနားထောင်သမား
သည် အောင်မြင်ပါသည်။
(၆) စိတ်ရော ကိုယ်ပါဖြင့် တစ်ဖက်
လူကို သူ့ကိုယ်သူ အထင်ကြီး
အောင် မြှောက်ပင့်ပေးပါ။
(၇) အပြစ်တင်စကားမပြောနှင့်။
ဘယ်သူမှမကြိုက်။
(၈) မိတ်ဆွေဖွဲ့ဖို့ရာ မိမိက စတင်
ချဉ်းကပ်ပါ။
(၉) သူတို့က မိမိအတွက်တစ်ခုခုလုပ်
ပေးသောအခါ ချီးမွမ်းပါ။ အသိ
အမှတ်ပြုပါ။ ကျေးဇူးတင်
ကြောင်း ထုတ်ဖော် ပြောဆိုပါ။
(ကျင့်သုံးသလောက်အလွန်ထိ
ရောက်မှုရှိ)
ဂန္ထဝင်အထက်ပါအချက်များမှာ နှစ်ပေါင်းများစွာကြာမြင့်သော စကားကောင်းစကားမှန်အဖိုးတန်ရတနာများ ဖြစ်ကြသကဲ့သို့ အောက်ပါသဘောထားအမြင် (၆)ချက် စကား (၆)ခွန်းသည်လည်း စာရေးသူ၏ လက်တွေ့ဘဝဝယ် နိုင်ငံရပ်ခြား သွားရောက်ခဲ့သော ခရီးစဉ်နှင့် နေခဲ့ရသော ကာလအားလုံး လက် တွေ့ကျင့်သုံးသဖြင့် အဆင် ပြေချောမွေ့အောင်မြင်စေပါသဖြင့် လက်ဆောင်ပါးလိုက်ပါရစေ –
(၁) We ဟုပြောပါ။ (Not I) ကျွန်ုပ်တို့ဟု ခံယူ
ပါ။
(၂) Thank You ကျေးဇူးတင်ပါတယ် များ
များပြောပါ။
(၃) Help you please ကျေးဇူးပြု၍ကူညီပါ။
အကူအညီယူပါ။
(၄) What is your opinion တိုင်တိုင်ပင်ပင်
လုပ်ပါ။
(၅) You did a good job မင်းတော်တယ်၊
ချီးကျူးပါ။
(၆) I think I made a mistake ကျွန်တော်
မှားသွားပါတယ်။
မှားလျှင် ဝန်ခံ၊ အမှန် ပြုပြင်ပါ။ အသေးအဖွဲလေးများဟု ထင်စရာရှိပါသော်လည်း အံ့သြလောက်အောင် ကြီးမားသော အောင်မြင်မှုများအတွက် လမ်းခင်းပေးနိုင်ပါသည်။ လက်တွေ့ကျင့်သုံးကြစေလိုပါသည်။ တိုးတက်အောင်မြင် ပျော်ရွှင်ကြပါစေ။
#PAN