ပန်းသာကျေးရွာအနီး အကြမ်းဖက် PDF အလောင်း၊ လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


(ပြည်တွင်း) မတ်လ ၄

ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း‌ဒေသကြီး၊ တမူးမြို့နယ်တွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် လုံခြုံရေးအဖွဲ့များသည် ပန်းသာကျေးရွာအနီးအရောက်တွင် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDF ၁ လောင်း၊ Type-81 သေနတ် ၁ လက်၊ အမ်-၂၂ သေနတ် ၁ လက်၊ ကျည်အိမ်မျိုးစုံ ၄ ခု၊ ကျည်မျိုးစုံ ၆၀ တောင့်တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့သည် ဆက်လက်၍ အကြမ်းဖက်များလှုပ်ရှားနေရာများကို သတင်းအချက်လက်ရယူ၍ ချေမှုန်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN