(မှုခင်း) မတ် ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဘိန်းဖြူနှင့် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်သူနှင့် ရောင်းဝယ်သူများကို မတ်လ ၁ ရက်နှင့် ၂ ရက်နေ့က တာလော့ရပ်ကွက်နှင့် နမ့်ဖူးကျေးရွာတို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မတ်လ ၁ ရက်နေ့ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ တာလော့ရပ်ကွက်တွင် လမ်းလျှောက်လာသူ အိုက်လျှဲန်း အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ အလေးချိန် ၃.၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၅၁၀)နှင့် စိတ်ပြောင်းဆေးဝါး အက်တက်စီ ဆေးပြား ၄၈၀ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၉၂ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အလားတူ မတ်လ ၂ ရက်နေ့ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့နယ်၊ နမ့်ဖူးကျေးရွာနေ ကျမူး ၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၁၂,၆၀၀ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၈၈.၂ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ အိုက်လျှဲန်း၊ ၂၄ နှစ်နှင့် ကျမူး ၃၇ နှစ် တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews