(နိုင်ငံတကာ) မတ် ၃

အမေရိကန်ရေတပ်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson နှင့် ရေတပ်သင်္ဘောအုပ်စုသည် တောင်ကိုရီးယားနိုင်ငံသို့ အင်အားပြရန်ရောက်ရှိလာကြောင်းသိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကင်ဂျုံအွန်ကိုယ်တိုင်ဦးစီးခဲ့သော ခရုဇ်ဒုံးကျည်များ စမ်းသပ်ပစ်လွှတ်မှုအပြီးတွင် တန်ပြန်အင်အားပြသည့် အနေဖြင့် ယခုလို ရောက်လာခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
အဆိုပါ စစ်သင်္ဘောအုပ်စုသည် ဘူဆန်ဆိပ်ကမ်းသို့ ရောက်ရှိလာပြီးနောက် အိမ်နီးခြင်းမြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများအား ရင်ဆိုင်ရာတွင် အမေရိကန်နှင့် တောင်ကိုရီးယားတို့အကြား ခိုင်မာသည့် မဟာမိတ်ဆက်ဆံရေးအား ပြသရန်နှင့် အပြန်အလှန်ပေါင်းစပ်မှုများ ပိုမိုမြှင့်တင်လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း တောင်ကိုရီးယား ရေတပ်က ထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews