ရန်ကုန်စည်ပင်ပိုင် Public Toilet ၂၅ လုံးကို အငှားချလုပ်ကိုင်ခွင့်ပေးမယ်


(ပြည်တွင်း) မတ်လ ၃

ရန်ကုန်မြို့အတွင်းရှိ Public Toilet ၂၅ လုံးကို ၂၀၂၅-၂၆ ဘဏ္ဍာရေးနှစ် လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် အငှားချဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရပါတယ်။

ငှားရမ်းလုပ်ကိုင်ခွင့်ပြုမယ့် Public Toilet ၂၅ လုံးမှာ ကြည့်မြင်တိုင်နှင့် လသာမြို့နယ်တို့မှာ ၃ လုံးစီ၊ အင်းစိန်၊ ဗိုလ်တထောင်၊ လှိုင်သာယာ အရှေ့ပိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်တို့မှာ ၂ လုံးစီနှင့် မရမ်းကုန်း၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ကမာရွတ်၊ ကျောက်တံတား၊ အလုံ၊ ဒေါပုံ၊ သာကေတနှင့် ဒလစတဲ့ မြို့နယ်တို့ရှိ သန့်စင်ခန်း ၁ လုံးစီတို့ ဖြစ်ပါတယ်။

အဆိုပါလုပ်ငန်းကို တင်ဒါပုံစံနဲ့ လုပ်ကိုင်ခွင့်ပြုမှာဖြစ်တဲ့အတွက် စိတ်ပါဝင်စားသူများအနေနဲ့ တင်ဒါလျှောက်လွှာ များကို မတ်လ ၃ ရက်မှစတင်ကာ ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ၁၂ ထပ်ခွဲ ရုံး၊ ၂ လွှာရှိ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှာ ဝယ်ယူနိုင်ပြီး မတ်လ ၇ ရက် မှာ လျှောက်လွှာ ရောင်းချမှုပိတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ် ၃၃ မြို့နယ်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန လက်အောက်ရှိ Public Toilet များအပြင် စျေးများ ဌာနလက်အောက်ရှိ Public Toilet များ၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနလက်အောက်ရှိ Public Toilet များစသဖြင့် ထားရှိပေးထားတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN