ကယ်ရိုလိုင်းနားပြည်နယ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် အရေးပေါ်အခြေအနေကြေညာထားရ


(နိုင်ငံတကာ) မတ် ၃

အမေရိကန်နိုင်ငံ၊ မြောက်နှင့် တောင်ကယ်ရိုလိုင်းနားရှိ မီးသတ်သမားများသည် သီတင်းပတ်ကုန်တွင် ဒါဇင်နှင့်ချီသော တောမီးများကြား ရုန်းကန်နေရပြီး အာဏာပိုင်များက ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးခဲ့သည်။

တောင်ကယ်ရိုလိုင်းနားတွင် ၆.၆ စတုရန်းမိုင် (၁၇ စတုရန်းကီလိုမီတာ) မီးလောင်ကျွမ်းနေပြီး အုပ်ချုပ်ရေးမှူး Henry McMaster က အရေးပေါ်အခြေအနေကြေညာ ခဲ့ရသည်။

တောင်ကယ်ရိုလိုင်းနားရှိ Myrtle ကမ်းခြေအနီးတွင် လောင်ကျွမ်းနေသည့် တောမီးသည် ဧက ၁၂၀၀ ဝန်ကျင်အထိလောင်ကျွမ်းနေကြောင်း သိရသည်။

ထို့အပြင်၊ ပြင်းထန်ခြောက်သွေ့သောလောင်စာများနှင့် စိုထိုင်းဆ အလွန်နည်းသော ပေါင်းစပ်မှုကြောင့် ဒေသတွင်းတွင် မီးဘေးအန္တရာယ် တိုးလာနိုင်ကြောင်း အမေရိကန် အမျိုးသား မိုးလေဝသဌာနက သတိပေးထားသည်။

အမေရိကန် သမိုင်းတွင် အကြီးမားဆုံးနှင့် ဆုံးရှုံးမှုအများဆုံးသော လော့စ်အိန်ဂျလိစ်မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး တစ်လအကြာတွင် အသစ်ထပ်မံ လောင်ကျွမ်းမှုဖြစ်ပေါ် လာခြင်းဖြစ်သည်။

မြောက်ကာရိုလိုင်းနားတွင် မီးသတ်တပ်ဖွဲ့များသည် ပြည်နယ်တစ်ဝှမ်းရှိ သစ်တောလေးခုတွင် လောင်ကျွမ်းနေသော တောမီးအများအပြားကို ထိန်းချုပ်ရန် လုပ်ဆောင်နေကြောင်း အမေရိကန် သစ်တောဌာနက ပြောကြားခဲ့သည်။

အကြီးဆုံးမီးလောင်မှုမှာ ဧက ၄၀၀ (၁၆၂ ဟက်တာ)ခန့်ရှိပြီး Charlotte ၏အရှေ့ဘက် မိုင် ၅၀ ခန့်အကွာ Uwharrie အမျိုးသားသစ်တောတွင်ဖြစ်သည်။ မီးလောင်မှုမှာ သုံးပုံတစ်ပုံခန့် ထိန်းထားနိုင်ခဲ့ကြောင်း တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက သစ်တောဌာနက ပြောသည်။

မြောက်ကာရိုလိုင်းနားပြည်နယ် Polk ကောင်တီရှိ Tryon ၏အနောက်တောင်ဘက်မြို့ငယ်လေးတွင် မီးလောင်မှု လျင်မြန်စွာပျံ့နှံ့မှုကြောင့် စနေနေ့က လူအချို့အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တိုက်တွန်းခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN