(မှုခင်း) မတ်လ ၂

တာချီလိတ်မှ ရန်ကုန် သို့ ပြေးဆွဲသည့် GI ခရီးသည်ယာဉ်သည် ယမန်နေ့ မတ်လ (၁)ရက်နေ့၊ ည ၈ နာရီ မိနစ် ၃၀ အချိန်ခန့်ဝန်းကျင်၌ ကျိုင်းတုံ အကျော် စပယ်ရှယ်တောင် အနီးတွင် တောင်အောက်သို့ ပြုတ်ကျသွားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွါးရာနေရာသို့ ကျိုင်းတုံမြို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများနှင့်အတူ ပရဟိတအသင်းများ၊ တာဝန်ရှိသူများ သွားရောက်ကယ်ဆယ်နေပြီး ည ၁၁ နာရီဝန်းကျင်အချိန်ခန့်တွင် ကားပေါ်ရှိ လူနာ ၂၀ ဦးအား ကျိုင်းတုံဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သေဆုံးမှုအရေအတွက်ကိုတော့ အတိအကျမသိရှိရသေးကြောင်း သိရပါတယ်။

“ကျိုင်းတုံကနေ သွားမယ်ဆိုရင် ပန်ကြူတောင်ကို တက်ရမယ်။ ပန်ကြူတောင် ဆုံးလို့ရှိရင် စပယ်ရှယ် တောင်အဆင်းပဲ။ အခုက အောက်ရွာနားလေးမရောက်ခင် အကွေ့နားမှာ ပြုတ်ကျတာလို့ ကြားပါတယ်။”ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews