ရန်သူကို ပဲ့ထိန်းဒုံးကျည်များဖြင် သတင်းစကားပါးခဲ့ကြောင်း မြောက်ကိုရီးယားပြော


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၈

မြောက်ကိုရီးယားသည် ၎င်း၏ တန်ပြန်တိုက်ခိုက်ရေးစွမ်းရည်နှင့်ပတ်သက်၍ “ရန်သူများ”ထံ သတင်းစကားပေးပို့ရန် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ဗုဒ္ဓဟူးနေ့က ပင်လယ်ဝါတွင် ဒုံးကျည်လေ့ကျင့်မှုအား ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က သောကြာနေ့တွင် ပြောကြားခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယားက နျူကလီးယားစစ်ဆင်ရေးနည်းလမ်းအမျိုးမျိုးအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ၎င်းသတင်းဌာနမှဖော်ပြသည်။

စမ်းသပ်ပစ်လွှတ်ခဲ့သော ဒုံးကျည်သည် မိုင်ပေါင်း ၁၀၀၀ နီးပါးပျံသန်းခဲ့ပြီး စုစုပေါင်း မိနစ် ၁၃၀ ကြာမြင့်ကာ ရည်ရွယ်ထားသည့် ပစ်မှတ်များအား ထိမှန်ခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ယခုနှစ်အတွင်း စတုတ္ထမြောက် ဒုံးကျည်ပစ်လွှတ်မှုဖြစ်ပြီး ဇန်နဝါရီတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် စတင်တာဝန်ယူပြီးနောက် ဒုတိယအကြိမ်ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN