စပိန်ဘုရင့်ဖလားပွဲမှာ ယမယ်လ် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေတဲ့ ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ်


(အားကစား) ဖေဖော်ဝါရီ ၂၆

ဘာစီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ် က အက်သလက်တီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမယ့် စပိန်ဘုရင့်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲမှာ တိုက်စစ်ကြယ်ပွင့် ယာမယ်လ် ပါဝင်ကစားနိုင်ရန် မျှော်လင့်နေကြောင်း သိရပါတယ်။

ယာမယ်လ် က လက်စ်ပါမားစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ခြေထောက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ယမားလ် က လက်စ်ပါမားစ်နှင့်ပွဲမှာ ပြစ်ဒဏ်ကျူးလွန်ခံရမှု အကြိမ်ပေါင်း ၁၂ ကြိမ် ရှိခဲ့တာ ဖြစ်ပါတယ်။

ဟန်ဆီဖလစ်ခ် က လာလီဂါမှာ နာမည်ကြီးများသာမက ကစားသမားအားလုံးကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်မှု အန္တရာယ်မှ ကာကွယ်ပေးရန် တောင်းဆိုခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN