တရုတ်သမ္မတနှင့် ရုရှားသမ္မတတို့ ဖုန်းခေါ်ဆိုဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း တရုတ်မီဒီယာများက သတင်း ထုတ်ပြန်


(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၅

တရုတ်သမ္မတရှီကျင့်ဖျင်နှင့်ရုရှားသမ္မတပူတင်တို့သည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖုန်းခေါ်ဆို ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရ၏မီဒီယာများက သတင်းထုတ် ပြန်ထားသည်။

တရုတ်နှင့်ရုရှားနိုင်ငံတို့မှာ အိမ်နီးချင်းနိုင်ငံကောင်းများဖြစ်ခဲ့ကြသည်ကို သမိုင်းကြောင်းနှင့် ပကတိအရှိတရားများက ပြသနေကြောင်း အဆိုပါ ဖုန်းခေါ်ဆိုဆွေးနွေးမှုတွင် တရုတ်သမ္မတရှီကျင့်ဖျင် က ရုရှားသမ္မတပူတင်ကို ပြောကြားခဲ့သည်။

ယူကရိန်း ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားနှင့်တရုတ်နိုင်ငံတို့သည် စစ်ရေးဆက်ဆံမှုနှင့် ကုန်သွယ်ရေး ဆက်ဆံမှု များကို မြှင့်တင်ခဲ့ကြသည်။

ယူကရိန်းပဋိပက္ခ ကာလတစ်လျှောက်လုံးတွင် ကြားနေအဖြစ် ရပ်တည်ခဲ့ကြောင်း ပြောကြားထားသည့် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံ၏အဓိကအကျဆုံး နိုင်ငံရေးနှင့် စီးပွားရေး မိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်နေဆဲ ဖြစ်သည်။

အဆိုပါ ဖုန်းခေါ်ဆိုဆွေးနွေးမှုတွင် တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ရုရှားသမ္မတပူတင်တို့သည် ယူကရိန်း ပဋိပက္ခပြဿနာကိုလည်း ဆွေးနွေးခဲ့ကြသည်။

ရုရှားနိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် ယူကရိန်းပဋိပက္ခ ပြီးဆုံးရေးအတွက် အပြုသဘောဆောင်သည့် ကြိုးပမ်းမှုများလုပ်နေမှုအတွက် တရုတ်နိုင်ငံအနေဖြင့် ဝမ်းသာ ကြောင်း အဆိုပါ ဖုန်းခေါ်ဆိုဆွေးနွေးမှုတွင် တရုတ် သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN