(အားကစား) ဖေဖော်ဝါရီ ၂၅

ဗီရိုနာအသင်းနဲ့ပွဲမှာ ကွင်းအတွင်းလဲကျခဲ့တဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး မွိုက်စ်ကိန်းကို ဆေးရုံတင်ထားပြီး ဆေးစစ်တာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဖီအိုရင်တီးနားအသင်းက ကြေညာခဲ့ပါတယ်။
အဲဗာတန်အသင်းနဲ့ ဂျူဗင်တပ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ မွိုက်စ်ကိန်းဟာ ပွဲချိန် ၅၈ မိနစ်မှာ ဗီရိုနာနောက်ခံလူနဲ့ ဘောလုံးယှဉ်လုရင်း ပြိုင်ဘက်ရဲ့ဒူးနဲ့ ထိခိုက်မိခဲ့လို့ ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။
ဆေးကုသမှုခံယူပြီးနောက် မွိုက်စ်ကိန်း ပြန်လည်ကစားနိုင်ခဲ့ပေမယ့် ၆၄ မိနစ်အရောက်မှာ ကွင်းအတွင်း လဲကျခဲ့တာဖြစ်ပါတယ်။
ဒါ့ကြောင့် အရေးပေါ်အသက်ကယ်တာတွေ ပြုလုပ်ပေးခဲ့ပြီး လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။
ဗီရိုနာ အသင်းနဲ့ပွဲမှာ လဲကျခဲ့တဲ့ မွိုက်စ်ကိန်းဟာ ဦးခေါင်းဒဏ်ရာ ခံစားနေရသလို ဆေးရုံမှာ ထပ်မံစစ်ဆေးတာတွေ ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဖီအိုရင်တီးနားအသင်း ကြေညာချက်မှာ ရေးထားပါတယ်။
အသက် ၂၄ နှစ်အရွယ် မွိုက်စ်ကိန်းဟာ အခုရာသီမှာ ဖီအိုရင်တီးနာအသင်းအတွက် ၁၅ ဂိုး သွင်းယူပေးထားပြီး ကွင်းအတွင်းလဲကျတဲ့ ဒုတိယမြောက် ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဖီအိုရင်တီးနား ကွင်းလယ်လူ ဘို့ဗ် ဟာ အင်တာမီလန်အသင်းနဲ့ပွဲမှာ ကွင်းအတွင်းလဲကျခဲ့ပြီး ပွဲကိုပါ ရွှေ့ဆိုင်းလိုက်ရတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးတာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews