(နိုင်ငံတကာ) ဖေဖော်ဝါရီ ၂၄

ရုရှားနှင့်အမေရိကန်တို့ကြား ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထပ်မံ ကျင်းပမည်ဖြစ်ကြောင်း ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရီယက်ကော့က ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောသည်။
ဒုတိယအကြိမ်ဆွေးနွေးပွဲကို ဆော်ဒီအာရေဗျနိုင်ငံ ရီယက်မြို့တော်၌ပင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နှစ်နိုင်ငံစလုံးမှ အဆင့်မြင့်အရာရှိကြီးများကြား ပထမဆုံး အကြိမ်အဖြစ် အဆိုပါမြို့၌ကျင်းပပြီးနောက် ရက် သတ္တပတ်အကြာတွင် ထပ်မံကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။
ရုရှားနှင့်အမေရိကန်အရာရှိကြီးများကြား ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းတွင် နှစ်နိုင်ငံ ကြား သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ရန် စီစဉ်နိုင်ခဲ့သည့် အပြင် ယူကရိန်းငြိမ်းချမ်းရေး ဆွေးနွေးမှု အတွက် နှစ်နိုင်ငံစလုံးမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များဖွဲ့စည်းရန်အတွက်လည်း စီစဉ်နိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရုရှားနှင့်အမေရိကန်အရာရှိကြီးများသည် ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့ကြား မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက်လည်း ပြင်ဆင်မှုများ လုပ်ဆောင်လျက် ရှိကြောင်း ဆာဂျီရီ ယက်ကော့က ဆက်လက်ပြောကြားသည်ဟု Tass သတင်းဌာန ဖော်ပြချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews