နေပြည်တော်ရှိ မြို့နယ် ၈ ခုတွင် ခွေးရူးပြန်ကာကွယ်ဆေးထိုးပေးမည်


(ကျန်းမာရေး) ဖေဖော်ဝါရီ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ် ၈ ခုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ခွေးရူးပြန်ကာကွယ်ဆေး ထိုးပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ယခုတစ်ကြိမ်ဟာ စတုတ္ထအကြိမ်မြောက် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံ‌ပေးခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်မှ မတ်လ ၅ ရက်အထိ အခမဲ့ဆေးထိုးနှံပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ မြို့နယ် ၈ ခု မှာ ဒက္ခိဏသီရိ ၊ ဇမ္ဗူသီရိ ၊ ပျဉ်းမနား၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ တပ်ကုန်း၊ ဥတ္တရသီရိ ၊ လယ်ဝေး တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ လာရောက်ထိုးနှံနိုင်ကြောင်း အသိပေးကြေညာထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN