(အားကစား) ဖေဖော်ဝါရီ ၂၄

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ WTA 1000 တင်းနစ် ပြိုင်ပွဲအမျိုးအစားဖြစ်သည့် ဒူဘိုင်း တင်းနစ် ချန်ပီယံရှစ်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရုရှားဆယ်ကျော်သက် တင်းနစ်မယ် အန်ဒရီဗာနှင့် ဒိန်းမတ် တင်းနစ်မယ် တော်ဆင်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ အန်ဒရီဗာက ၇-၆ ၊ ၆-၁ ရလဒ် ဖြင့် အနိုင်ရရှိကာချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။
အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ အန်ဒရီဗာ ဟာ WTA 1000 တင်းနစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူး နိုင်ခဲ့တဲ့ အသက် အငယ်ဆုံးသော တင်းနစ်မယ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
အန်ဒရီဗာဟာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ရန် ပြိုင်ပွဲအဆင့်ဆင့်မှာ နာမည်ကြီးတင်းနစ်မယ်များဖြစ်ကြတဲ့ ဗွန်ဒရိုဆိုဗာ၊ စဂီယာတက်ခ်နှင့် ရိုင်ဘာကီနာတို့ အားကျော်ဖြတ် ခဲ့ရပါတယ်။
အန်ဒရီဗာ က ဒူဘိုင်းတင်းနစ်ချန်ပီယံရှစ်တင်းနစ်ပြိုင်ပွဲ ချန်ပီယံဆု ကို ဆွတ်ခူးခွင့်ရခဲ့ခြင်းကြောင့် လာမည့်ရက်သတ္တပတ်တွင် ထုတ်ပြန်သွားမယ့် ကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် (၁၀) အတွင်းဝင်ရောက်လာနိုင်ဖွယ်ရှိနေပါတယ်။
Telegram»…
https://t.me/positiveanglenews