Sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်


(ပြည်တွင်း) ဖေဖော်ဝါရီ ၂၃

နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံအချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

အဆိုပါ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ်မတ်လတွင် တစ်ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့ တွင် တစ်ကြိမ်ကြုံတွေ့ရလေ့ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO(စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ်မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိကြောင်းလည်း သိရသည်။

Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယို အစီအစဉ်များသည် မတ် ၇ ရက်မှ ၁၇ ရက်အထိ နေ့စဉ် ၁ မိနစ်မှ ၁၈ မိနစ်ခန့်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN